ဇာတ်သိမ်းပိုင်း

493 43 6
                                    


တစ်ယောက်​ယောက်ကများ ချစ်ခြင်းမေတ္တာအကြောင်း မေးလာခဲ့ရင် မင်းနာမည်ကိုပဲ ကိုယ်ဖြေပါ့မယ်။

___________

နောက်နေ့မနက်မှာ ဂျယ်နိုက အိပ်ရာစောစော
နိုးလာတယ်။ နိုးနိးလာချင်း ခေါင်းထဲဝင်လာတဲ့ လူကတော့ နာဂျယ်မင်းပဲ။ ဒီနေ့ ရုံးမှာလည်း ဂျယ်မင်းကို မြင်ရဦးမှာ။ဂျယ်မင်းက သူတို့
ပရောဂျက် မပြီးခင်အထိ ကိုရီးယားမှာ နေရမှာမလို့ ဂျယ်နိုက ဂျယ်မင်းအတွက်ရုံးခန်းသက်သက်လည်း လုပ်ပေးထားတယ်။ ဂျယ်မင်းက ဆယ်ကျော်သက်တုန်းကလို စာလုပ်နေဖို့ကလွဲ ဖိအားမရှိတဲ့ အရွယ်နဲ့ မတူပဲ ရင့်ကျက်လာတဲ့ ပုံစံကလည်း တစ်မျိုးသဘောကျချင်စရာ ကောင်းနေပြန်တယ်။သူကတော့ ဘယ်လိုနေနေ ဂျယ်မင်းကို သဘောကျနေရတာပါပဲ။ တွေးနေရင်းနဲ့ နှိုးစက်က အသံမြည်လာတာမလို့ ဂျယ်နိုက အိပ်ရာထပြီး မျက်နှာသစ်ဖို့ ပြင်ရတယ်။ ရေမိုးချိုးပြီး မှန်ကြည့်နေတာလည်း အကြာကြီး။ ဖြစ်နိုင်ရင် ဂျယ်နိုက ဒီနေ့ည ဂျယ်မင်းကို ထပ်ဖွင့်ပြောမယ်လို့ တွေးထားတယ်။
ဒါပေမဲ့လည်း ဂျယ်နိုက ဂျယ်မင်းသူ့ကို ငြင်းလိုက်မှာကိုလည်း ကြောက်နေပြန်ပါတယ်။ ဒါပေမဲ့လည်း အားတင်းပြီးတော့ သေချာ ပြင်ဆင်ပြီး ရုံးသွားတယ်။

______

ရုံးကိုရောက်တော့ အောက်ထပ်မှာ ဖွင့်ထားတဲ့ ကဖေးကနေ အမေရိကာနို နှစ်ခွက်ဝင်ဝယ်ခဲ့သေးတယ်။ဂျယ်မင်းအတွက် တစ်ခွက်၊ သူ့အတွက် တစ်ခွက်။ ဂျယ်နို့က ရုံးခန်းထဲ မဝင်ခင် ဂျယ်မင်းဆီ အရင်သွားတယ်။ဂျယ်မင်းကို အမေရိကာနို ပေးဖို့ရော၊သူလည်း အမေရိကာနိုတွေ သောက်တတ်နေပြီ ဆိုတာကို ပြောပြဖို့ရော သွားရှာခဲ့ပေမဲ့ ဂျယ်နိုရောက်တော့ ဂျယ်မင်းက သူ့ရုံးခန်းထဲမှာတော့ ရှိမနေ။ ဂျယ်နိုက လှည့်ထွက်ပြီး ပြန်မယ်ကြံတုန်း ဂျယ်မင်းက တံခါးဖွင့်ဝင်လာတယ်။ ဂျယ်မင်းက ဂျယ်နိုကို မြင်တော့ တန့်သွားပေမဲ့ တောက်တောက်ပပတော့ ပြုံးပြလာပါတယ်။ဂျယ်နိုကလည်း ဂျယ်မင်းကို ပြန်ပြုံးပြပြီး အမေရိကာနိုခွက်က်ို မြှောက်ပြတယ်။ ဂျယ်မင်းက ကြောင်သွားပေမဲ့ ကျေးဇူးပဲ လို့ ပြောပြီး ခွက်ကို လှမ်းယူတယ်။ အခြေအနေက ထူးဆန်းနေပြီး ဂျယ်နိုကလည်း ဘာလုပ်ရမလဲ မတွေးမိတာကြောင့် အခန်းပြင်ဘက်ပဲ ထွက်လာခဲ့တယ်။ ခဏနေ ဂျယ်မင်းက သူ့ရုံးခန်းထဲကို အဆောက်အဦးဒီဇိုင်း လာပြလောက်မယ် ထင်တာမလို့ အဲ့ကျမှ ညစာအတူတူစားဖို့ မေးကြည့်လိုက်တော့မယ်လို့ တွေးတယ်။
________________

မြတ်နိုးရပါသော..Where stories live. Discover now