C - 1

29.3K 870 51
                                    

အခန်း | ၁ |

ကောင်းကင်သည် ကြည်လင်သာယာနေကာ ရာသီဥတု အထူးကောင်းမွန်လှသည်။ ဟန်သာမိသားစုကြီး၏ ပထမသားကြီး ခြံဝန်းအတွင်း၌ လူအများနှင့် ပြည့်နက်နေသည်။ အချိန်ကား...

၁၂ ရက်၊ စက်တင်ဘာ၊ ၁၉၉၇ ခုနှစ်။

ဟန်သာမိသားစု၏ ဝမ်းမြောက်ဖွယ်ရာနေ့။ တစ်နည်းအားဖြင့် ဟန်သာမိသားစုကြီး၏ ပထမသားကြီး ဦးဟန်သာအောင်၏ သားယောကျ်ားလေး မွေးသည့်နေ့ပင်။ ထိုနေ့က ဟန်သာမိသားစုအတွက် ဝမ်းမြောက်ဖွယ် နေ့တစ်နေ့ ဖြစ်သကဲ့သို့ ဟန်သာမိသားစု၏ တည်ထောင်သူ လက်ရှိ ဟန်သာ မိသားစု၏ ခေါင်းဆောင် ပထမသားကြီး ဦးဟန်သာအောင်၊ ဒုတိယသား ဟန်သာမင်းတို့၏ ဖခင် ဟန်သာမင်းမောင် ကိုယ်တိုင် ထိုပွဲသို့ တက်ရောက်ခဲ့သည်။

ဟန်သာမင်းမောင်သည် အသက်အားဖြင့် ၆၀ ကျော်ခန့် ရှိသော်လည်း ယခုအချိန်အထိ သန်မာစဲပင်။ အနက်ရောင် ဇိမ်ခံကားများ ပထမသားကြီး၏ အိမ်ရှေ့ ဆိုက်ရောက်လိုက်သည်နှင့် အိမ်ထဲမှ ဦးဟန်သာအောင်က သူ၏ ဖခင်အား ထွက်၍ ကြိုဆိုသည်။ နောက်ကားတစ်စီးထဲတွင် ဦးဟန်သာအောင်၏ ညီဖြစ်သူ ဦးဟန်သာမင်း ထွက်၍ လာပြီး...

" ဂုဏ်ယူပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီးက သားယောကျ်ားလေး မွေးပြီး ကျွန်တော်တို့ ဟန်သာမိသားစုအတွက် အမွေဆက်ခံသူကို မွေးပေးလိုက်ပြီပေါ့... "

ဦးဟန်သာမင်းက ခပ်ပြုံးပြုံး ပြောလိုက်သည်။ ဦးဟန်သာအောင်က ခေါင်းညိတ်လိုက်ပြီး သူ့ဖခင်နှင့် ညီဖြစ်သူအား အိမ်ထဲသို့ ခေါ်လာခဲ့သည်။ ဟန်သာမိသားစုသည် မြန်မာနိုင်ငံတွင်တော့ ဒိတ်ဒိတ်ကြဲ မိသားစု သုံးခုထဲတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် မိသားစုတစ်စုဖြစ်ပြီး ပိုင်ဆိုင်မှုက ဂဏာန်းသင်္ကေတနှင့်ပင် ဖော်ပြနိုင်သည့် အ​ခြေအနေ၌ မရှိပေ။

ထို့နေ့တွင် မိသားစုကြီး၏ ခေါင်းဆောင် ဦးဟန်သာမင်းမောင်က သူ၏ သားကြီး ဦးဟန်သာအောင်၏ ဇနီးဖြစ်သူ ဒေါ်ကလျာပျိုအား မိသားစုကြီး၏ တရားဝင် ဇနီးမယားအဖြစ် ကြေညာခဲ့သည်။ မိသားစုကြီးတွင် သားယောကျ်ားလေး ပထမဆုံး မွေးပေးနိုင်သူက အမွေဆက်ခံသူ၏ ရာထူးကို ရပေလိမ့်မည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now