(unicode)
အခန်း | ၃၈ |
” ဘယ်လိုလဲ၊ ငါက မင်းတို့နှစ်ယောက်လုံးကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်လို့များ မင်းတို့က ထင်နေတာလား ”
” ဦးဟန်သာမောင် ခင်ဗျား... ”
သေနတ်ထုတ်ကာ ချိန်ထားသည့် ဦးဟန်သာမောင်အားကြည့်ကာ မှိုင်းသိဂ္ဂါကိုသည် လက်သီးကို ကျစ်နေအောင် ဆုပ်ထားသည်။ ယခု သူက အတော်ကလေး ဒေါသထွက်နေကြောင်း သိသာသည်။ သူ့အတွက်ကို သူက စိတ်မပူသော်လည်း နေကိုးဟန်သာအတွက်ကို သူစိတ်ပူမိသည်။ ထို့နောက်တွင် သူက နေကိုးဟန်သာ၏ ရှေ့၌ ပိတ်ရပ်လိုက်ပြီး...
” ကျုပ်အရင်က ခင်ဗျားကို စည်းစိမ်ဥစ္စာအတွက်၊ အာဏာအတွက် အတ္တကြီးပြီး မလုပ်သင့်တာကိုလုပ်နေတဲ့ လူတစ်ယောက်လို့ပဲ ထင်ထားတာ၊ ခင်ဗျားကအခုတော့ ကတိမတည်တဲ့ လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး ”
မှိုင်းသိဂ္ဂါကိုက သွားကြားထဲမှထွက်သည့်လေသံဖြင့် ဦးဟန်သာမောင်၏ မျက်နှာကိုကြည့်ကာ တစ်လုံးချင်းပြောသည်။ ဦးဟန်သာမောင်သည် ထိုအရာကိုပင် သဘောကျနှစ်ခြိုက်စွာ ပြုံးထားသည်။ သူက သေနတ်ကို မောင်းဆွဲတင်လိုက်ပြီး သူတို့နှစ်ယောက်ဘက်သို့ တစ်ဖန်ပြန်လည်၍ ချိန်ထားသည်။
သူ့ပုံစံက သွေးအေး ရက်စက်တတ်သူတစ်ယောက် ပုံစံ အပြည့်ရှိနေပြီး သူ့အတွက်ဆိုပါက အရာအားလုံးကို မလုပ်ရဲတာမရှိသည့် ပုံစံတို့ ရှိနေသည်။ သူက ရှေ့သို့ တစ်လှမ်းချင်းလျှောက်လာပြီး သူတို့နှင့် ခြေဆယ်လှမ်းခန့်အကွာတွင် ရပ်လိုက်ပြီးနောက် နေကိုးဟန်သာ၏ မျက်နှာကို ကြည့်သည်။ နေကိုးဟန်သာသည် သူ့အားကြည့်နေသော သူ့ဦးလေးအရင်းဖြစ်သူ၏ မျက်နှာအား စက်ဆုပ်ရွံရှာဖွယ်ပြန်ကြည့်သည်။
ထိုအကြည့်က ဦးဟန်သာမောင်ကို နည်းနည်းလေးမျှ အိန္ဒြေပျက်မသွားပေ။ ထိုလူက သဘောကျစွာပင် ပြုံးနေပြီး နေကိုးဟန်သာအား စူးစိုက်စွာဖြင့် ကြည့်ပြန်သည်။ အတန်ကြာမှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလာသည်။
” မင်းက သိပ်ကို သတ္တိရှိတယ်ငါ့တူ၊ ပြီးတော့ မင်းမှာ မင်းအဖေရဲ့ ကြင်နာမှုတွေ ကိန်းဝပ်နေသလို၊ မင်းအဖိုးရဲ့ ထက်မြတ်တဲ့ ဉာဏ်ရည်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်၊ ဒါပေမဲ့ မင်းက မရက်တတ်ခဲ့ဘူးငါ့တူ၊ ဒါက မင်းရဲ့ အားနည်းချက်ပဲ၊ ထားလိုက်ပါ ဒါတွေက အခုတော့ အရေးမကြီးတော့ပါဘူး၊ သြော်...အဖိုးဆိုလို့ မင်းအဖိုးက သေခါနီးအချိန်အထိ ငါ့ကို စိတ်ပျက်စေတယ်၊ အဲဒီညက အမွေဆက်ခံသူအဖြစ် လွှဲပေးဖို့ပဲ ငါကသွားခဲ့တာပါ၊ ဒါပေမဲ့... ”
ESTÁS LEYENDO
My Lawless Lawyer (Complete - BL)