(unicode)
အခန်း | ၁၈ |
Shopping Mall သို့ရောက်တော့ တစ်ခါမှ မရောက်ဖူးသည့်သူက ကျွန်တော့်ကို ဦးဆောင်ကာခေါ်သွားသည်။ ယနေ့တွင် ကျွန်တော်သည် သူမအတွက် အထုပ်သယ်၊ ပစ္စည်းသယ်မျှသာ ဖြစ်သည်။ သူမဝယ်နေသည်များကို ကြည့်၍ ကျွန်တော် မိန်းကလေးဖြစ်ရမည်ကိုပင် ခပ်လန့်လန့်ဖြစ်၍ သွား၏။
အဝတ်အစား နှစ်ဆယ်ကျော်နှင့် အမျိုးသမီး အလှကုန်ပစ္စည်းပေါင်း မြောက်များစွာကို ဝယ်ယူပြီးသည်အထိ သူမ၏ လိုအင်ဆန္ဒများက အတောမသတ်နိုင်ပေးပေ။ ကျွန်တော့်လက်နှစ်ဖက်တွင် သူမဝယ်ယူထားသည့် ပစ္စည်းများဖြင့် ပြည့်နက်နေသည်။ သူမကတော့ ကျွန်တော့်ကိုပင် တစ်ချက်မကြည့်ဘဲ လက်ဆွဲအိတ်များရှိရာ အရောင်းတန်းသို့ ဝင်၍ သွား၏။
" ကတ်သရင်း... "
" ဟင်... ကိုး ပြောလေ ဘာလဲ၊ နင်ဗိုက်ဆာနေလို့လား၊ ခဏလေးနော် ဒါလေးဝယ်ပြီးရင် ငါတို့ သွားစားကြမယ် "
" မဟုတ်ဘူး၊ ငါဗိုက်မဆာဘူး ငါမေးချင်တာက နင်ဝယ်နေတာတွေက မပြီးသေးဘူးလား "
" အာ... မဟုတ်တာ အခုမှ ငါစဝယ်တုန်းရှိသေးတာလေ၊ ဒါပြီးရင် နင်ပစ္စည်းတွေကို ကားထဲသွားထားလိုက်၊ ငါ ဟိုနားက ဆိုင်က စောင့်နေမယ်၊ မြန်မြန်လုပ်နော် ငါဗိုက်ဆာပြီ "
သူမပြောလိုသည်များကို ပြောပြီးနောက်တွင် ကတ်သရင်းက ထွက်သွားသည်။ သူသည်သာ ထိုနေရာ၌ ယောင်လည်လည် ရပ်ကျန်နေခဲ့ပြီးနောက်တွင်မှ ပစ္စည်းများကို ကားထဲသို့သွားထားရန် ထွက်သွားလိုက်သည်။
သူမဆီသို့ ပြန်ရောက်တော့ သူမက စားစရာများကိုပင် မှာယူပြီး စားနှင့်နေပြီ။ နေကိုးဟန်သာကို တွေ့တော့ သူမရှေ့မှထိုင်ခုံကို မေးငေါ့ပြပြီး သူမက ဆက်စားနေသည်။ နေကိုးဟန်သာက ခေါင်းတစ်ချက်ယမ်းလိုက်ပြီး ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။
" ညီလေး ကော်ဖီတစ်ခွက်လောက်၊ သကြားကို လျှော့ထည့်ပေး "
သူက ကော်ဖီမှာပြီးနောက် သူ့ရှေ့မှ ဘီစကစ်များကို ကြည့်လိုက်သည်။ ဘီစကစ် အပေါ်ဘက်မှ သကြားပွင့်များကို မြင်လိုက်ရပြီးနောက် သူက လက်တွန့်သွားသည်။ ကတ်သရင်းကတော့ ဘီစကစ်များကို တစ်ခုပြီးတစ်ခုစားကာ သူ့ကိုလည်း စားရန်ပြောသည်။
![](https://img.wattpad.com/cover/325694461-288-k355887.jpg)
YOU ARE READING
My Lawless Lawyer (Complete - BL)