(Unicode)
ဒီ acc link လေးရဲ့ cb မှာ လာရောက် ဝယ်ယူနိုင်ပါတယ်ဗျာ။ မနက်ဖြန် ထွက်ပါပြီ။
https://www.facebook.com/kyaw.han.1217727?mibextid=ZbWKwL
ပန်းတစ်ပွင့်လည်း မောင်ဆိုင်တယ်
အနမ်းတစ်ပွင့်လည်း မောင်ပိုင်တယ်...
________________________________________
ကိုကိုး (စာမြည်း)မောင်မရှိတော့တဲ့ နေ့ရက်တွေဟာ ငရဲပဲလို့ ကိုယ့်ကိုယ်ကို ထင်မိတယ်။ ယောကျ်ားတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ ကျွန်မရူးမိုက်ပြနေမိတာဟာ ရှက်စရာများ ကောင်းနေမလားမသိဘူး။ ကိုယ်တိုင်ချစ်မိခဲ့ဖူးတယ်ဆိုရင်တော့ ကျွန်မ ခံစားချက်တွေကို နားလည်နိုင်ကြမယ် မဟုတ်လားဟင်။ ချစ်မိခဲ့ခြင်းတွေမှာ နာကျင်စရာတွေ ကပ်ငြိပါလာလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။
********
” မောင့်မှာ ကျွန်မထက်ပိုပြီး ချစ်ရမဲ့သူ ရှိနေပြီလား၊ မောင်ရွေးချယ်တဲ့အမျိုးသမီးဟာ မောင်နဲ့လိုက်ဖက်သူပဲ ဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်၊ အလှတရားဟာ အရေးမပါဘူးလို့ ပြောခဲ့တဲ့မောင်က တကယ်ရွေးချယ်သွားတော့လည်း ယဥ်ယဥ်ကလေးလှတဲ့ အမျိုးသမီးကို ရွေးချယ်သွားခဲ့တာပဲ၊ မောင် သူမနဲ့ နေရတာ ပျော်တယ်မဟုတ်လား ဒါဆိုရင် ကျွန်မလည်း မောင်နဲ့ထပ်တူ ပျော်နေမှာပါမောင်"
********
မျက်နှာပေါ် ထိုးကျလာတဲ့ မောင့်ရဲ့အကြည့်စူးစူးတွေကို ကျွန်မ, မခံနိုင်ဘူး။ အထူးသဖြင့် အဲဒီမိန်းမအပေါ် မှာကျ နွေးထွေးတဲ့အကြည့်တွေပေးပြီး ကျွန်မအပေါ်ကိုမှ စိမ်းကားရက်တဲ့ မောင့်အကြည့်တွေကို သဘောမကျမိတာတော့ အမှန်ပဲ။ ဒါဆိုရင် ကျွန်မမောင့်ကို မုန်းသလား။ ဟင့်အင်း...ဟင့်အင်း လို့ပဲ ကျွန်မဖြေရမယ်ထင်တယ်။ ”နင်လိုမိန်းမကိုက မနာတတ်တာပါမီမီသော်ရယ်.." လို့ ကျွန်မရဲ့ အသိုင်းအဝိုင်းက ဝိုင်းပြောတိုင်း ကျွန်မကတော့ ဘာမှမပြောဘဲ ပြုံးနေမိတာပါပဲ။ ဒါမှမဟုတ်။ သူတို့ပြောသလို "နွားဖြစ်မဲ့ဟာမ"လို့ ပြောချင်ရင်လည်း ပြောလိုက်စမ်းပါ ကျွန်မကျေကျေနပ်နပ်ကြီးကို ခံလိုက်မှာပါ။
YOU ARE READING
My Lawless Lawyer (Complete - BL)