(unicode)
အခန်း | ၂၃ |
တောက်ပြောင်၍ ထည်ဝါလှသော အိမ်ကြီးအတွင်း၌ ဦးဟန်သာအောင်သည် ဆိုဖာပေါ်၌ ခြေချိတ်ထိုင်ရင်း စားပွဲပေါ်တင်ထားသည့် လက်ကိုင်ဖုန်းကို ခဏခဏ ကြည့်နေ၏။ သူ့ပုံစံသည် တစ်စုံတစ်ခုအတွက် စိတ်လှုပ်ရှားနေပြီး အဖြေကို သိချင်နေပုံပေါ်သည်။
ထိုစဥ် လက်ကိုင်ဖုန်းသည် အသံမြည်လာပြီး စားပွဲပေါ်၌ တုန်ရင်နေ၏။ ဦးဟန်သာအောင်သည် လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက်...
” သူတို့ သေသွားသလား ”
” သေသွားဖို့တော့ ကျိန်းသေပါတယ်ဆရာ ကျွန်တော်တို့ သွားကြည့်ဖို့ လုပ်ပေမဲ့ လူတွေအုံလာတာမို့ ထွက်လာခဲ့ရတယ် ”
” အေး...ကောင်းပြီ မင်းတို့တော်တယ် ”
ဖုန်းချပြီးသည်နှင့် ဦးဟန်ဟာမောင်က လေချွန်လိုက်သည်။ သူ့စိတ်ထဲ ယခု ပေါ့ပါးနေဟန်ရှိသည်။ အမှုတွင်သူက အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော်လည်း အကယ်၍ ဒါရိုက်တာချုပ်နေရာကို လက်ခံရမည့်လူကသာ သေဆုံးသွားခဲ့ပါလျှင် ထိုနေရာက သူ့အတွက် ပြိုင်ဘက်မရှိနိုင်တော့ပြီ မဟုတ်ပါလား။
****
ဟန်သာမိသားစု၏ စံအိမ်အတွင်း ဦးဟန်သာမင်းမောင်သည် သူ၏ အခန်းထဲ၌ စာအုပ်တစ်အုပ်ကို ဖတ်၍ နေ၏။ ထိုစဥ် အခန်းတံခါးသည် ပွင့်ဟလာပြီး သိင်္ဂီသည် အနည်းငယ် စိုးထိတ်နေသော မျက်နှာထားဖြင့်...
” ဥက္ကဌကြီး သခင်လေးရဲ့နောက်ကို လွှတ်ထားတဲ့ သူတွေရဲ့စကားအရ ဒီနေ့ ရုံးတော်ကအပြန်မှာ သခင်လေးနဲ့ သူ့ရဲ့အလုပ်ရှင်တို့ အတူစီးလာတဲ့ကားကို ကုန်ကားတစ်စီးက ဖြတ်တိုက်သွားတယ်လို့ သိရပါတယ် အဲတာ... ”
” ဘာ... ငါ့မြေး ငါ့မြေးဘာဖြစ်သွားလဲ ချက်ချင်း စုံစမ်း၊ ပြီးတော့ ဒါက သွေးရိုး သားရိုးဖြစ်စဥ်တော့ မဟုတ်နိူင်ဘူး၊ သေချာစုံစမ်းပြီး ငါ့ဆီအကြောင်းပြန်စမ်း သိင်္ဂီ ”
ဥက္ကဌကြီးက ဝမ်းနည်းမှုနှင့်အတူ စိုးရိမ်ဒေါသဖြစ်နေသော လေသံဖြင့် သူ၏ အတွင်းရေးမှူးဖြစ်သူ သိင်္ဂီအား ပြောနေသည်။ သိင်္ဂီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း နေရာမှ ထွက်သွားသည်။ သိင်္ဂီ အခန်းထဲမှ ထွက်သွားပြီးနောက်တွင် ဦးဟန်သာမင်းမောင်သည် တောက်တစ်ခတ်ခတ်နှင့်သာ ကျန်ခဲ့လေသည်။
![](https://img.wattpad.com/cover/325694461-288-k355887.jpg)
ВЫ ЧИТАЕТЕ
My Lawless Lawyer (Complete - BL)