(unicode)
မှောင်ကြမယ်ဟေ့ ကောင်းကောင်း
မနက်မိုးလင်းတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကိုက်ခဲ၍ နေသည်။ ညက စိတ်နယ်လွန်တွင် သူတို့နှစ်ယောက်က လုံးဝသောင်းကြမ်းခဲ့ကြသည်။ ပထမတွင် သူက အတင်းရုန်းမိနေသော်လည်း နောက်ပိုင်းတွင်တော့ အချစ်နယ်မြေကြားထဲ၌ သူကပါ မွေ့ပျော်၍ သွားသည်။ ချစ်ခင်မှုကို ခပ်ကြမ်းကြမ်း ပြမိလိုက်တော့ သည်မနက်တွင် ခန္ဓာကိုယ်က ကိုင်ရိုက်ထားသကဲ့သို့ နာကျင်၍နေသည်။
” ကိုး နိူးနေပြီလား ”
အနောက်မှ သိုင်းဖက်ကာ မေးလိုက်သည့်အသံကိုကြားတော့ သူ့ခန္ဓာကိုယ်က တုန်သွားသည်။ ထို့အတူ ပူနွေးသော အသားချင်းထိကပ်လိုက်သည့် အတွေ့တို့က သူ့ကိုတစ်စုံတစ်ခု ဆာလောင်မွတ်သိပ်ဘိသကဲ့သို့ နှိုးဆွနေပြန်သည်။ ထိုလူ၏ အနမ်းတို့က သူ့လည်တိုင်ပေါ်ကျရောက်လာတော့ သူ့ခန္ဓာကိုယ်မှ အကြောတို့က ကျဥ်ခနဲဖြစ်၍သွားသည်။
” ကိုကို ရပ်လိုက်ပါ ”
ညည်းသံဖြင့်ပြောမိတော့ သူ့ကိုယ်သူ မည်သည့်နာမ်စားသုံးလိုက်မိမှန်းတောင် သူမသိတော့ပေ။ ထိုအသံက မှိုင်းသိဂ္ဂါကိုအား ပိုမို၍ ချစ်ဒေါသမီးကို ကြွတက်လာစေသည်။ ထို့နောက် နေကိုးဟန်သာအား ဆွဲလှဲချလိုက်ပြီး အပေါ်မှမိုးကာ အနမ်းများကို ခပ်ကြမ်းကြမ်း ပေးမိလိုက်ပြန်သည်။
” ကို...ကိုကို ရပ် ရပ်ပေးပါ ”
” ကိုကို ရပ်တော့ ရပ်တော့လို့ အဟင့် ”
တဖြည်းဖြည်းနှင့် နေကိုးဟန်သာ၏အသံတို့က တိုးသဲ့၍လာသည်။ ငိုသံပေါက်နေသော်လည်း ထိုအရာက ဝမ်းနည်းနေခြင်းမျိုးမဟုတ်ပါ။ သူ့အသံသည် တစ်ဖက်လူ၏ ရမက်ကို နှိုးဆွနေသကဲ့သို့ ရှိသည်။
” ကိုး... ကိုယ်တို့နောက်တစ်ကြိမ် ”
” တော်ပြီလေ ကိုကိုရယ် ကိုးငယ်တကယ်မရတော့ဘူး နောက်... နောက်မှပေါ့ကွာ နော်ဗျာ နော်လို့ကိုကို ”
သူက ချစ်စဖွယ်အမူအရာနှင့် တောင်းပန်လိုက်သည်။ ထိုအခါ မှိုင်းသိဂ္ဂါကိုက ခေါင်းညိတ်သည်။ သူ့ဆန္ဒတို့ကို ချိုးနှိမ်လိုက်ပြီး နေကိုးဟန်သာ၏ဆန္ဒကိုသာ သူက ဦးထိပ်ထားသည်။ မျက်နှာငယ်သွားသည့် မှိုင်းသိဂ္ဂါကိုအား မြင်သည့်အခါ သူဝမ်းနည်းသွားသည်။ ထို့နောက်တွင် မှိုင်းသိဂ္ဂါကို၏လည်ပင်းအား လက်နှစ်ဖက်ဖြင့်သိုင်းဖက်လိုက်ပြီး ဆွဲလှဲချလိုက်သည်။
![](https://img.wattpad.com/cover/325694461-288-k355887.jpg)
YOU ARE READING
My Lawless Lawyer (Complete - BL)