အပိုင်း (၆)

277 60 9
                                    

ချန်ယောလ် အိပ်ယာကနိုးလာတော့ ခေါင်းတွေ ကိုက်ခဲနေပြီး နဖူးဒဏ်ရာကလည်း တင်းကာ နာနေသည်။ ခေါင်းကို ဖိကိုင်ကာ ထပြီး နာရီကြည့်လိုက်တော့ အရင်ထက် နာရီဝက်လောက် နောက်ကျပြီး  နိုးလာတာပဲ။ သူရေချိုး အဝတ်လဲပြီး ထွက်လာတော့ ဟိုလူကလည်း အခန်းထဲကနေ ထွက်လာသည်။ရုံးတက်သည့်ပုံစံဝတ်စားထားပေမဲ့ အရင်နေ့ထက် နောက်ကျနေသလားလို့။

"ချန်ယောလ် နေကောင်းရဲ့လား
နေမကောင်းရင် ဒီနေ့တစ်ရက်လောက် နားလိုက်ပါလား"

"ကျွန်တော်နေကောင်းတယ်"

"မနက်စာရော..."

လှေကားကနေ ဘေးချင်းယှဉ်ဆင်းလာရင်း ဟိုလူ့အမေးကို ခေါင်းသာယမ်းပြလိုက်သည်။

"မနေ့ညကလည်း ဘာမှမစားဘဲအိပ်တယ် အခုလည်း ဘာမှ မစားဘူးဆို မင်းအစာအိမ်ထိလိမ့်မယ်"

"သေသွားရင်တောင် ခင်ဗျားအပူမဟုတ်ဘူးလေ"

"မသေပါနဲ့ဦး ကိုယ်နဲ့ ကွာရှင်းရဦးမယ်လေ
တော်ကြာ မကွာရှင်းခင်သေသွားရင် တစ်ဘဝလုံး ကိုယ့်အမျိုးသားဆိုတဲ့နာမည်နဲ့ နေနေရဦးမယ်"

ထိုလူက ချန်ယောလ်ကိုသေချာကြည့်ကာ မျက်ခုံးကိုပင့်ပြလျက် အမြင်ကတ်စရာကောင်းအောင် ရွှတ်နောက်နောက်ပြောသည်။ စကားဆက်မပြောချင်တော့တဲ့ ချန်ယောလ်က သက်ပြင်းသာချလိုက်ပြီး ထမင်းစားခန်းထဲဝင်သွားလိုက်သည်။ အခန်းဝရောက်တာနှင့် မွှေးကြိုင်နေသည့် အမဲစွပ်ပြုတ်ကြောင့် ချန်ယောလ်ဗိုက်က အသံမြည်ကာ မခံမရပ်နိုင်အောင် ဆာလာတော့သည်။ ချန်ယောလ် ထိုင်ခုံမှာဝင်ထိုင်ကာစားနေတုန်း မင်ချောက လီမွန်တီး တစ်ခွက်လာချပေးသည်။ ဟိုလူကတော့ သူစားနေကြ ပေါင်မုန့်၊ သစ်သီးနှင့် ခေါက်ဆွဲတစ်ပွဲ အအေးတစ်ခွက်ကို ငြိမ်ငြိမ်လေးထိုင်စားနေသည်။

ချန်ယောလ် စားလို့ပြီးသွားတော့ လီမွန်တီးပါ အကုန်သောက်ကာ စားပွဲကနေ ထ လိုက်သည်။ ညကတည်းက ဟာနေတဲ့ဗိုက်က အမဲစွပ်ပြုတ်ကြောင့် ပြည့်တင်းသွားသလို မကြည်လင်သည့်ခေါင်းကလည်း လီမွန်တီးကြောင့် အနည်းငယ်တော့ သက်သာသွားသည်။

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now