အပိုင်း (၃)

271 49 2
                                    

ကျောင်းဝန်းရှေ့မှာ အိမ်စီးကားအကောင်းစားတစ်စီးရပ်လိုက်သောကြောင့် လူအများရဲ့အကြည့်က ကားရှိရာဆီ စုပြုံကျလာသည်။
ချန်ယောလ် အနေခက်သောကြောင့် ကားပေါ်မှ မြန်မြန်ဆင်းကာ ဘယ်ကိုမှ မကြည့်ဘဲ ကျောင်းဝန်းထဲ အမြန်ဝင်လာခဲ့သည်။
ကျောင်းတက်တာ နှစ်နှစ်ကျော်လာပြီဖြစ်သောကြောင့် တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျမသိသေးရင်တောင် အပေါ်ယံလောက်တော့ သတိထားမိကြသည်။ နှစ်နှစ်လုံး လိုင်းကားနဲ့ ကျောင်းတက်တဲ့သူက ကိုယ်ပိုင်ကားနဲ့ကျောင်းလာတယ်ဆိုတော့ လူတွေက သူ့အကြောင်းကို တီးတိုးပြောနေလောက်သည်။

"ချန်း...ချန်း..."

အနောက်ကနေ ဆောဂျောင်းရဲ့ခေါ်သံကြောင့် ချန်ယောလ် ရပ်ပြီးလှည့်ကြည့်လိုက်သည်။ ဆောဂျောင်းက အပြေးတစ်ပိုင်းလိုက်လာပြီး ချန်ယောလ်ဘေးမှာရပ်ကာ အမောဖြေနေသည်။

"ဘာလို့ပြေးလာတာလဲ"

"ငါခေါ်နေတာကြာပြီလေ ချန်းရာ...အဝင်ဝမှာကတည်းက ငါနင့်ကို ခေါ်နေတာ
နင်က ငါ့ကိုလည်းမမြင်သွားဘူး ဘာလဲ ကိုယ်ပိုင်ကားနဲ့လာတော့ ငါ့ကိုတောင် မခေါ်ချင်တော့တာလား"

"မဟုတ်တာ တကယ်တော့ ငါရှက်လို့..."

"ဘာကိုလဲ ချန်းရဲ့"

"သူများကားနဲ့လာတော့ လူတွေက ငါ့ကို ဝိုင်းကြည့်ပြီး တစ်မျိုးထင်ကြမယ်မဟုတ်လား"

"မထင်ပါဘူး နင်ငါ့ကို မမြင်ဘဲထွက်သွားမှ လူတွေက တစ်မျိုးထင်ပြီးလိုက်ကြည့်နေကြတာ
အရင်လိုပဲ နင့်ကိုငါကျောင်းဝမှာစောင့်နေတာ နေ့တိုင်းလည်း စောင့်နေမှာ"

"အင်းပါ သွားရအောင်"

ဆောဂျောင်းနဲ့ စကားပြောရင်း သူတို့အတန်းရှိရာကို လျောက်လာခဲ့ကြသည်။ အတန်းလည်း တူတူပဲဆိုတော့ ဆောဂျောင်းနဲ့သူက နေရာတကာ တတွဲတွဲဖြစ်ခဲ့သည်။အချို့ဆို သူတို့နှစ်ယောက် တွဲနေတာပါလို့ အတိအလင်းကို ယုံကြည်ကြသည်အထိ သူတို့က ပူးပူးကပ်ကပ်ရှိခဲ့ကြသည်။ အခုအခြေအနေအရ သူက အိမ်ထောင်သည်ဖြစ်နေလို့ ဆောဂျောင်းကို အားနာမိပေမဲ့ ဒိုဂျောင်ဆူးရဲ့သတိပေးစကားကြောင့် အရွဲ့တိုက်ကာ ဆောဂျောင်းနား ပိုကပ်ချင်သည်။

ချစ်သည် ဆိုတာထက် ပိုသောDonde viven las historias. Descúbrelo ahora