အပိုင်း (၁၄)

331 50 4
                                    

"ကိုယ်သင်ပေးတာ တစ်ပုဒ်တော့ တတ်သွားပြီမလား"

ဂျောင်ဆူးက သူ့လက်တွေကို စန္ဒယားပေါ်က ပြန်ရုတ်ရင်းမေးလိုက်သည်။ တေးသီချင်းသံ ပြီးဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်ကို ပြန်မတ်ပြီး လူချင်းခွာလိုက်သည်။

"ဘာသီချင်းတီးလိုက်တာလဲ ကျွန်တော်သေချာသတိမထားမိဘူး"

ကြောင်တောင်တောင်လေးပြန်ကြည့်နေတဲ့ ကောင်လေးကို သူကြည့်ရင်း ရယ်ချင်လာသည်။ ဒီကောင်လေးက ဒီတစ်လော ဘာဖစ်နေတာလဲ။ အရင်လို သူ့ကိုရန်ထောင်မနေတော့ဘဲ ကလေးလေးလိုဖြစ်လာသည်။

"Twinkle Twinkle ကို မသိတဲ့သူရှိသေးတာလား"

"ဘာကြီး...အဲ့ဒီကလေးသီချင်းကို တီးလိုက်တာလား"

"အင်း‌လေ စစချင်းဆို အဲ့ဒါနဲ့ပဲသင်ရတာကို"

"ခင်ဗျားကတော့ ကျွန်တော့်ကို ကလေးမှတ်နေတာလား"

"ကလေးမဟုတ်မှန်းသိလို့ လက်ထပ်ထားတာပေါ့
ညနေစာသွားစားရအောင်"

ဂျောင်ဆူးအရယ်တစ်ဝက်နဲ့ ချန်ယောလ်ကို ပြန်ဖြေရင်း အနွေးထည်တစ်ထည် ဝတ်လိုက်သည်။ ဒီကောင်လေးကို စ နောက်ရတာ တကယ်ပျော်စရာကောင်းသည်။ ဒီကောင်လေးကလည်း အရင်ထက်စာရင် သူ့အနားမှာ နေရတာ အဆင်ပြေလာပြီထင်သည်။ သူတို့ကြားမှာလိုအပ်နေတာလည်း ဒါပါပဲ။ ကိုယ့်လမ်းကိုယ်မလျှောက်ကြခင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဆင်းရဲစရာတွေ မပေးမိဖို့နဲ့ ကောင်းမွန်တဲ့ လမ်းခွဲခြင်းဖြစ်ဖို့ပါပဲ။

"အပေါ်ကနေ အနွေးထည်ဝတ်ခဲ့ ချန်ယောလ်
ခေါင်မိုးပေါ်မှာက အေးတယ်"

"နေပါဦး ခင်ဗျားက ညစာမစားဘူးဆို"

"ဒီက ဒေသစာ နည်းနည်းစားကြည့်မလားလို့ပါ"

"ခဏစောင့်ဦး..."

ချန်ယောလ် အနွေးထည်ဝတ်ပြီးတော့ သူတို့နှစ်ယောက် ဟိုတယ်ရဲ့ ခေါင်မိုးထပ်အထိ တက်ခဲ့သည်။ မီးရောင်စုံမြင်နေရသည့် မြင်ကွင်းနှင့် လေအေးအေးတိုက်နေသော ခေါင်မိုးမှာ ညစာစားနေသူအချို့ရှိသည်။

"ဘာစားချင်လဲ ချန်ယောလ်..."

"ကျွန်တော် မပြောတတ်ဘူး ဒီမှာက ဘာကောင်းတာလဲ"

ချစ်သည် ဆိုတာထက် ပိုသောOnde histórias criam vida. Descubra agora