ချန်ယောလ် စာမေးပွဲက တစ်ပတ်ကျော်လောက် အချိန်ယူပြီး ဖြေရသည်။ ဒီစာမေးပွဲရက်တွေမှာ သူနည်းနည်းမှ စိတ်ကြည်လင်မနေခဲ့ပါဘူး။ အိမ်မှာနှစ်ရက် သုံးရက်လို့ပြောပြီး တစ်ပတ်လောက်နေနေတဲ့ အိုဆယ်ဟွန်းကို ပြန်တော့လို့ပြောချင်ပေမဲ့ သူ့မှာပြောခွင့်မှမရှိဘဲ။သူစာတွေဖတ်လိုက် စာမေးပွဲဖြေလိုက်နဲ့အလုပ်ရှုပ်နေတဲ့အချိန် အဲ့ဒီကောင်လေးက ဟိုလူ့နားမှာ တကပ်ကပ်နဲ့ရှိနေခဲ့ပြီး၊ ဟိုလူကလည်း သူတောင်းဆိုသမျှကို လိုက်လျောနေတော့တာပင်။
ဟိုလူက ချန်ယောလ်နဲ့ပတ်သက်ပြီး ဂရုစိုက်မှုတွေကတော့ လျော့မသွားခဲ့ပါဘူး။အကုန်လုံး လိုလေသေးမရှိအောင် ပြင်ဆင်ထားပေးသည်။ အစားအသောက်ကအစ ကျောင်းသွားချိန် ပြန်ချိန်အဆုံး အကုန်လုံး သူ့ဟာနှင့်သူ အဆင်ပြေပြေရှိနေပေမဲ့ သူ့စိတ်ထဲကျေနပ်မနေဘူး။ သူက သူ့စိတ်ထဲက ထင်ထားတာထက်ကို ပိုလို့ ဒီလူ့အပေါ် ခံစားချက်တွေ ပြောင်းလဲနေပြီး အားကိုးချင်စိတ်က စတင်ခဲ့တဲ့ ထိုခံစားချက်က ထိုလူ့ဆီက ဂရုစိုက်မှုတွေရမနေရင် အဆင်မပြေတော့တဲ့အထိဖြစ်နေသည်။
ဆောဂျောင်းကိုကျတော့...ဘယ်လိုပြောရမလဲ ငယ်ကတည်းက သံယောဇဉ်တွေကနေ ပိုသာတဲ့ဘက်ကိုပြောင်းလဲလာခဲ့ပေမဲ့ သူဝန်ခံရမည်ဆိုလျှင် ဆောဂျောင်းကြောင့် ရင်ခုန်စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ဖူးတာတော့ အမှန်ပင်ဖြစ်သည်။ ဆောဂျောင်းကို ပျော်စေချင်သည်။ ပျော်အောင်ထားပေးချင်သည်။ သူ့အနားမှာ ဆောဂျောင်းရှိနေလျှင် သူနေရတာ အဆင်ပြေသည်။ ဒီလောက်ပါပဲ။ ဆန်းစစ်ကြည့်လေလေ ပိုပြီးသိလာရလေဆိုသလို သူက ဆောဂျောင်းကို လွယ်လွယ်ကူကူပဲ မေ့ပစ်နိုင်ခဲ့သည်။
နှစ်ဖက်ဖြစ်နေတဲ့ အမှုအခြေအနေတွေအရ သူ ဆောဂျောင်းကို ကျောင်းမှာတွေ့ရင်တောင် အားနာလို့ နှုတ်မဆက်မိ။ ဆောဂျောင်းကလည်း သူ့နည်းတူပင် ရှောင်ဖယ်နေခဲ့သည်။ အရာရာအားလုံး အဆင်ပြေသွားတဲ့နေ့တော့ သူက ဆောဂျောင်းနဲ့ အရင်လို သူငယ်ချင်းပြန်ဖြစ်ချင်ပါသေးသည်။
သူစာမေးပွဲနောက်ဆုံးရက်မရောက်ခင်မှာဘဲ အိုဆယ်ဟွန်းက သူ့အထုပ်အပိုးတွေဆွဲကာ သူ့မိဘတွေကို အိမ်ကို ပြန်သွားခဲ့သည်။
မသွားခင်မှာ သူစိတ်ခုစေမဲ့စကားကို ဟိုလူ့လက်လေးတစ်ဖက် ဆွဲကိုင်ရင်းပြောသွားသေးသည်။
"ကျွန်တော်တို့ အတူတူ ခရီးသွားကြမယ်နော်" တဲ့။
ဟိုလူကလည်း လုံးဝမငြင်းဘဲ "အလုပ်အားရင် သွားမယ်" တဲ့လေ။
YOU ARE READING
ချစ်သည် ဆိုတာထက် ပိုသော
Fanfictionအချစ်ပါမှ အိမ်ထောင်ရေးတစ်ခု ခိုင်မြဲမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ်... Park Chanyeol X Doh Kyungsoo Unicode+Zawgyi