အပိုင်း (၈)

289 56 10
                                    

ချန်ယောလ် ကားမောင်းနေရင်း ဘေးမှာ Tablet တစ်လုံးနဲ့ အလုပ်ရှုပ်နေသူကို မကြာခဏ ငဲ့ကြည့်နေမိသည်။ Tablet ထဲက ဖိုင်တွေကို ပို့လိုက် ဖုန်းပြောလိုက်နှင့်သူလုပ်နေသည့်ကြားက အမှုအကြောင်းနှင့် ငွေကြေးကိစ္စတွေ ပြောနေတာကြားရသည်။ သူ့ရဲ့ အရေးကြီးတဲ့ အလုပ်ကို ဖျက်ဆီးမိသလိုများဖြစ်သွားလား။

ချန်ယောလ်တို့ တစ်ထပ်တိုက်လေးရှိနေသည့် ခြံဝန်းလေးရှေ့တွင် ကားရပ်လိုက်ပြီးသည်အထိ ထိုလူက အလုပ်ကိစ္စပြောလို့ မဆုံးသေး။ သူ့ကိစ္စပြီးသွားတဲ့အထိ ချန်ယောလ် စောင့်နေပြီးမှ နှစ်ယောက်အတူ ဝင်ခဲ့ကြသည်။

ချန်ယောလ်တို့အိမ်က တစ်ထပ်တိုက်အိမ်လေးဖြစ်ပြီး အရှေ့ဘက်တွင် ခြံနေရာသိပ်မရှိဘဲ ဘေးနှင့်အနောက်တွင် ပန်းပင်အချို့နှင့် ခုံတန်းထားဖို့ နေရာလွတ်ရှိသည်။ ထိုသာမန်အိမ်လေးက ချန်ယောလ်ငယ်ဘဝဖြတ်သန်းရာ နေရာလေးဖြစ်ပြီး တစ်မိသားစုလုံးရဲ့ အမှတ်ရစရာနေရာလေးလည်းဖြစ်သည်။ ဖေဖေမရှိတော့ကတည်းက စိတ်ဆင်းရဲမှုတွေနဲ့ ခြောက်ကပ်သွားတဲ့အိမ်လေးက အခုမှ ပြန်ပြီး စိုစိုပြေပြေဖြစ်လာတော့သည်။ ဟိုလူ့ကျေးဇူးဆိုလည်း မမှားဘူးပေါ့။

အရင်က ဒီအိမ်ကို နှစ်ကြိမ်လောက်ရောက်ဖူးထားသောကြောင့် ဟိုလူက စိမ်းမနေဘဲ ရှေ့ကနေတောင် ဝင်သွားသေးသည်။ မေမေနှင့်စကားစ မပြတ်နိုင်ဘဲ လေပေးဖြောင့်လွန်းနေသောကြောင့် ချန်ယောလ်က စကားဝိုင်း၏ အပြင်ဘက်မှာပဲ တစ်ယောက်တည်း မနက်စာစားနေရသည်။ မေမေချက်ထားသည့် ထမင်းနှင့်ဟင်းကို အများကြီးစားနေသည့်သူက သူများရှေ့တွင် မျက်နှာရအောင် ဟန်ဆောင်နေသည့်ပုံစံလည်းမဟုတ်။ အရင်က မနက်ဆို ထမင်းစားလေ့မှမရှိဘဲ၊ ဒီလူက ဘာလဲ။

"အမေ့လက်ရာသာ နေ့တိုင်းစားရမယ်ဆို ကျွန်တော် ဝိတ်တက်လာလောက်မယ် ထင်တယ်"

"သားမက်ဒိုသာ စားချင်တယ်ဆို အရံဟင်းတွေ ပိုချက်ပြီး ပို့ပေးမှာပေါ့"

"အလကား အလုပ်ရှုပ်ခံမနေနဲ့ မေမေ
သူက အိမ်မှာ နေ့လည်စာစားတာမဟုတ်ဘူး ညစာလည်းမစားဘူး
မနက်ခင်းလည်း ထမင်းစားလေ့ရှိတဲ့သူမဟုတ်ဘူး"

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now