Chapter-24

3.6K 494 6
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နှုတ်ခမ်းတို့ အနည်းငယ်တွန့်သွားလျက် သူ၏နုနယ်လှသော စိတ်ကလေးအား မထိခိုက်စေရန်အလို့ငှာ သင့်လျော်သည့်စကားလုံးကို သူမ,ကြိုးစားရှာဖွေလိုက်သည် "ရှင့်ရဲ့အဝတ်တွေကလေ...."

လုကု သူမအား ခွန်းတုံ့ပြန်သည်မှာ တစ်ခါတစ်ရံမှသာဖြစ်သော်လည်း "လှတယ်"

နဉ့်ကျီ : "..." 

သူမ အသံကို နူးညံ့ချိုသာနေအောင်ပြုလျက် သူ့အား ချော့မော့ပြောလိုက်သည် "အဲ့ဒီအဝတ်တွေကလေ အရမ်းကိုအရောင်တောက်လွန်းနေတော့ ရှင်နဲ့မလိုက်ဖက်ဘူးရယ် ၊ ကျွန်မဝယ်ပေးတဲ့ အနီရောင်လေးက လှမှလှ ၊ ရှင်က အနီနဲ့ဆိုအရမ်းလိုက်"

လုကုသည် သူမအား ဘေးတိုက် ဖြတ်ခနဲကြည့်လာပြီး ချက်ချင်းပင် မျက်လုံးပြန်လွှဲသွားသည်။ နှုတ်ခမ်းတို့ကို တင်းကျပ်စွာ စေ့ပိတ်ထား၏။

သူ၏ပုံစံမှာ များစွာပြောင်းလဲသွားခြင်းမရှိသော်လည်း သူ၏ဦးခေါင်းထက်ရှိ တိမ်းမည်းလေးနှစ်ခုကို ကြည့်ခြင်းအားဖြင့် သူ,မပျော်မရွှင်ဖြစ်နေသည်ကို နဉ့်ကျီပြောနိုင်သည်။ 

အလျှော့မပေးစွာ နဉ့်ကျီပြောလိုက်သည် "ကောင်းပြီ ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ရှင်က ရှင့်ရဲ့ ပန်းပွင့်ကြီးတွေကို ညဘက်မှာဝတ်လို့ရပြီး နေ့ဘက်မှာကျ အနီရောင်ကို ဝတ်ကြမယ်‌လေ။ ရှင်က အနီရောင်နဲ့မှ ကြည့်အကောင်းဆုံးပါဆို" 

လုကုသည် ခေါင်းငုံ့မြဲငုံ့ထားလျက် ဘာမှမပြော။  
နဉ့်ကျီ၏နှလုံးသားလေးမှာ တုန်ရီသွားရ၏။ သူ ဘာမှားလို့လဲ? သူ့မှာ ကာလာစုံအင်္ကျီတွေကို သဘောကျမိရုံပဲဟာ ၊ သူ့အမှားလုပ်ထားတာမှ မဟုတ်ဘဲ။ အကုန်လုံး သူမအမှား! သူမ,မျက်လုံးအမှား! 

လုကုသည် နှုတ်ခမ်းတို့ကို စေ့ပိတ်ထားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ၏လည်ချောင်းထဲမှ စကားလုံးတို့ကို ညှစ်ထုတ်လိုက်ရသကဲ့သို့ ဆိုလာသည် "အမ်း" 

ပြီးနောက် သူမအား လျစ်လျူရှုသွားတော့သည်။  

ကာလာစုံလုကုတစ်ယောက် ခုတင်ပေါ်တက်သွားလျက် မျက်လုံးများကို ပိတ်ထားလေသည်။
 
နဉ့်ကျီ ဖိနပ်ချွတ်ကာ ခုတင်ပေါ် တွားသွားလိုက်၏။ လုကု၏လက်ချောင်းများကို သူမ၏လက်ချောင်းတို့ဖြင့် ဆုပ်ကိုင်ရန် တိတ်တိတ်ကလေး လက်ကိုဆန့်ထုတ်လိုက်သည် "လုကုလို့" 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now