Chapter-88

3.1K 399 44
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

ငယ်ရွယ်သောလုကုမှာ ချွေးသိပ်ရအလွန်လွယ်ကူသည်ဟု နဉ့်ကျီပြောရမည်ပင်။

ထိုည၌ လုကု ရေချိုးနေသည့်အချိန် နဉ့်ကျီ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

အမေလုသည် သူမ၏အခန်းသို့မပြန်သေးဘဲ အိမ်တော်ထိန်းအား တစ်ခုခုမှာကြားနေသည်။ နဉ့်ကျီ သူမထံ လျှောက်သွားလိုက်သည်။ 

"စာဖိုးဆောင်က သန်ဘက်ခါလာမယ့် ရှောင်ကုမွေးနေ့ကိတ်ကို ကြိုလုပ်ဖို့အတွက် ပြင်ဆင်ထားပြီးကြပြီလား? ဟင်းပွဲတွေအကုန်လုံး သူကြိုက်တဲ့ဟာတွေချည်း ဖြစ်ပါစေနော် ၊ ဧည့်ခန်းတစ်ပတ်လည်ကို ရောင်စုံမီးလှလှလေးတွေလည်း တစ်ယောက်ယောက်ကို လိုက်တပ်ခိုင်းလိုက်ပါ ၊ နောက်ပြီး အရောင်စုံအလှပစ္စည်းလေးတွေရောဘဲ" အသေးစိတ်လေးကအစ မလွဲချော်စေချင်သောကြောင့် အမေလုသည် အလွန်စေ့စေ့စပ်စပ် မှာကြားလျက်ရှိသည်။  

သူမ၏ဘေးတွင်ရပ်နေရင်း နဉ့်ကျီ အနည်းငယ်အံ့ဩသွားရသည်။ လုကုမွေးနေ့က သန်ဘက်ခါလား?

အိမ်တော်ထိန်း ပြန်ဖြေသည် "ဟုတ်ကဲ့ပါ မဒမ် ၊ ကျွန်တော် အကုန်လုံး သေချာအောင်လုပ်လိုက်ပါ့မယ်"

"ကောင်းပါပြီ" အမေလုသည် အိမ်တော်ထိန်း၏အရည်အချင်းအား အတော်လေးပင် ယုံကြည်သည်။

လုအိမ်တော်၏ ကြွယ်ဝချမ်းသာမှုနှင့် လုကုသည် လုအိမ်တော်၏သခင်ငယ်လေးဆိုသော ဂုဏ်ပုဒ်နှင့်အတူ သူ၏မွေးနေ့မှာ ခမ်းနားကြီးကျယ်သောပွဲတစ်ခု ဖြစ်သင့်သည်ပင်။ ကံမကောင်းစွာပင် သူသည် လူများပြားထူထပ်သောနေရာများအား မနှစ်သက်။

သူ ကလေးကတည်းက သူ၏မွေးနေ့သည် အမြဲတမ်း လုအိမ်တော်တွင် ကျင်းပခဲ့ပြီး တက်ရောက်ရန် မည်သူ့ကိုမျှ ဖိတ်ကြားခဲ့ဖူးခြင်းမရှိ။ 

သို့ဖြစ်ရာ အမေလု လုပ်နိုင်သမျှမှာ ပြင်ဆင်မှုများတွင် အာရုံစိုက်ရန်သာ။ 

နဉ့်ကျီ အခန်းသို့ ပြန်လာလိုက်သည်။ သူမ၏ရုပ်ဝတ္ထုများ ထိနိုင်သော တစ်မိနစ်အချိန်မှာ ပြည့်သွားပြီဖြစ်ရာ သူမ တံခါးပေါက်အား ဖြတ်သွားလိုက်သည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now