Chapter-82

1.8K 349 51
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

သူမ၏ယနေ့ ရိတ်သိမ်းမှုနှင့်ပတ်သက်၍ နဉ့်ကျီ အတော်လေး ကျေနပ်နေသည်။

အသစ်ရရှိထားသော နေလုံးလေး ၃၀နှင့်ဆိုလျှင် ယခု သူမ လုကုအား သွားကယ်၍ရပေပြီ။

"သွားကြစို့ ၊ ကျွန်မကို ကျွန်မတို့အခန်းထဲ ခေါ်သွားပေး" အရူးလေးသည် နေရာတွင် ရပ်နေခဲ့သည်။ သူမ အရူးလေးကို လန့်အောင်လုပ်မိလိုက်တာလား?

သို့သော် ထွက်ပေါ်လာသည့် နေလုံးလေးများအရ သူသည် သူမ သူ၏မေးစေ့အား ထိခြင်း,နမ်းခြင်းအား အတော်လေးသဘောကျသည်မှာ အသိသာကြီးပင်။

လုကု၏နောက်ကျောမှာ ဖြောင့်မတ်နေပြီး ခန္ဓာကိုယ်မှာ တောင့်တင်းလျက်သာဖြင့် သူ အသံတစ်သံမှမထွက်ဘဲ နဉ့်ကျီအား သူတို့၏အခန်းဆီ သယ်သွားလိုက်သည်။

နဉ့်ကျီ လုကု၏ရင်ဘတ်အား မီထား၏။ သူ၏ရင်ဘတ်သည် ကျယ်ပြန့်တောင့်တင်းနေပြီး မီရသည်မှာ အတော်လေး သက်သောင့်သက်သာရှိသည် "လုကု ကျွန်မကို ဆိုဖာပေါ်ချပေးရင်ရပြီ" 

လုကုသည် သူ၏လက်မောင်းများထဲ နဉ့်ကျီအား ပွေ့လျက်သားဖြင့် ဆိုဖာရှေ့ရပ်နေကာ မလှုပ်မယှက်။

"ချပေးတော့လေ" နဉ့်ကျီ သူ့အား လောဆော်လိုက်သည်။

နဉ့်ကျီ သူ့အား မော့ကြည့်လိုက်သည် "ဘာဖြစ်လို့လဲ?"

ရုတ်တရတ် လုကုသည် ခေါင်းငုံ့လျက် သူ၏မေးစေ့အား သူမပေါ် ထိုးပေးလာသည် "နောက်ထပ် ၊ နမ်း"

နဉ့်ကျီ : "......."

နဉ့်ကျီအားကြည့်ရင်း လုကု ဖြည်းဖြည်းချင်း ဆိုလာသည် "အနမ်းပေး ၊ နောက်ထပ်နမ်း" 

လုကု၏နက်မှောင်ကြည်လင်နေသော မျက်လုံးများထဲကြည့်လိုက်ရင်း နဉ့်ကျီ ရှက်သွားသည်။ သူမ ရုတ်တရတ် လိမ္မာသောကလေးတစ်ဦးအား မကောင်းသည့်အရာများ သင်ပေးနေသကဲ့သို့ ခံစားလိုက်ရသလိုပင်။ 

"ကျွန်မလုပ်တာကို သဘောကျတယ်ပေါ့?" နဉ့်ကျီ မေးလိုက်သည်။

ဖြောင့်စင်းထူထပ်နေသော မျက်တောင်ရှည်များ တဖျပ်ဖျပ်ခတ်သွားလျက် ခေါင်းကိုသာငုံ့ထားရင်း။ သူ၏နူးညံ့သောမေးစေ့မှာ နဉ့်ကျီဆီသို့ ပိုတိုးကပ်လာ၏။ ခပ်တိုးတိုး သူတုံ့ပြန်သည် "အမ်းးးးးး"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now