Chapter-32

3.2K 450 13
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

"ရှောင်ကျီက အခုတလော ရှောင်ကုကို အဖော်ပြုပေးနေတာလေ" အမေလု ပြုံးကာဆိုသည် "နှစ်ယောက်သား ဒီနေ့ရော ဘယ်တွေသွားခဲ့ကြလဲ?" 

နဉ့်ကျီ လုကုအား သူမနှင့်အတူ အိမ်အပြင်ခေါ်သွားပေးသည်ကို သူမ(အမေလု),ဝမ်းသာရသလို လုကုနှင့် အချိန်အတူဖြုန်းပေးသည့်အတွက်လည်း ဝမ်းသာရသည်။  

နဉ့်ကျီ အမေလုအား ပြုံးပြလျက် ပြောလိုက်သည် "သမီး အရင်တုန်းက လုကုကို ကတိပေးထားတဲ့ လက်ဆောင်ကို ဝယ်ဖို့သွားကြတာ အမေ" 

အမေလု၏အပြုံးမှာ ပိုမိုပီပြင်လာသည်။ သူမ နဉ့်ကျီအားကြည့်သည့် အကြည့်တို့ပင်လျှင် ပိုမိုနူးညံ့လာ၏။ 

"ဘယ်လိုလက်ဆောင်တွေများလဲ?" သူမ,သားသယ်လာသည့် စက္ကူအိတ်အား မြင်လိုက်ရသောအခါ အမေလုသိချင်သွားရသည်။ 

နဉ့်ကျီ မျက်တောင်လေးခတ်လျက် ဆိုသည် "ဒါက သမီးနဲ့လုကုကြားက လျှို့ဝှက်ချက်" 

အမေလုမှာ ပိုမိုပျော်ရွှင်သွားတော့သည်။ ယင်းမှာ သူမ အမြင်ချင်ဆုံးပုံစံပင် "နှစ်ယောက်သားက လျှို့ဝှက်ချက်တွေတောင် ရှိနေကြပြီပေါ့လေ?" 

ထိုစကားအား  ကြားလိုက်ရသောအခါ လင်ထန်းထန်း ထိတ်လန့်သွားသည်။ 

နဉ့်ကျီ လုကုအား မည်မျှသဘောမကျကြောင်းကို သူမ အသိဆုံးပင်။ အခုကျ သူမသည် လုကုနှင့်ရင်းနှီးနေပြီတဲ့လား? 

နဉ့်ကျီ၏လက်ကောက်ဝတ်ထက် ကျရောက်သွားသော လင်ထန်းထန်း၏အကြည့်တို့သည် အမေလု၏ ဧကရာဇ်အစိမ်းရောင် လက်ကောက်အား နဉ့်ကျီ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရလေသည်။ အစိမ်းရောင်သည် ရွှန်းလဲ့တောက်ပနေသည်မှာ သူမ၏မျက်လုံးများပင် နာကျင်သွားသည်။ 

ထိုအခိုက်အတန့်တွင် လင်ထန်းထန်း တွက်ချက်မိသွားပုံပင်။ နဉ့်ကျီ၏သဘောထား လုကုအပေါ် ပြောင်းလဲသွားခြင်းမှာ အမေလုအား မျက်နှာချိုသွေးရန်အတွက်သာဖြစ်လိမ့်မည်။ 

"ရှောင်ကျီ ၊ မေမေ့မွေးနေ့က ဒီတစ်ပတ် တနင်္ဂနွေနေ့။ မေမေက နင့်ကို dinnerအတွက် လာစေချင်နေတယ်" လင်ထန်းထန်း တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောသည် "ပြီးတော့ လုကုကိုပါ ခေါ်လာစေချင်တယ်တဲ့" 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now