Chapter-91

1.8K 288 21
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

စုန့်ကျင်းရှန်နှင့်ကျောင်းပန်းပွင့်တို့သည် စကားတစ်ခွန်းတောင် ဖလှယ်ခြင်းမရှိ, စနမ်းကြလိမ့်မည်ကို နဉ့်ကျီမှာ မျှော်လင့်မထားမိပါချေ။ အမှန်မှာ ကင်မရာမှမြင်ကွင်းမှတစ်ဆင့် နှစ်ယောက်သားသည် အလွန်ကိုစိတ်အားထက်သန်နေပြီး စိတ်လှုပ်တရှားတောင် ရှိနေသေးသည်။

သူတို့ အလွန်ကိုရဲတင်းလွန်းကြသည်ကိုတော့ နဉ့်ကျီ ဝန်ခံရမည်။

လုကု၏မျက်လုံးများရှေ့သည် မှောင်မိုက်နေပြီး သူ ဘာကိုမျှမမြင်ရပါပေ။ တစ်ခုတည်းသော ခံစားသိရှိနိုင်မှုမှာ သူ၏နှာခေါင်းဝတွင် ရစ်သီနေသည့် ရင်းနှီးနေသောရနံ့သာ။

နဉ့်ကျီ သူ့နားတွင် တိုးတိုးကပ်ပြောသည် "မျက်တောင်ခတ်နေတာရပ်တော့ ၊ ငါ့လက်ဖဝါးတွေယားနေပြီ"

ရှည်လျားဖြောင့်စင်းသည့် မျက်တောင်များသည် သူမ၏လက်ဖဝါးအား အသာဖွဖွ ရိုက်ခတ်နေ၏။

လုကုသည် အကြိမ်ရေအနည်းငယ်မျှ မျက်တောင်ခတ်လိုက်ပြန်ရာ နဉ့်ကျီ၏လက်ဖဝါးမှာ ပို၍ပင် ယားကျိကျိ။

ဒီကြွက်စုတ်လေး။ သူ တမင်လုပ်နေတာ!

မြင်ကွင်းထက်ကနှစ်ယောက်သားမှာ အလွန်ကိုစိတ်ပါလက်ပါရှိလှစွာ ပူးကပ်နမ်းနေကြဆဲ။ နဉ့်ကျီ သူတို့၏ပုံများအား ရိုက်ယူပြီးပြီဖြစ်ရာ ဤနေရာတွင်ဆက်နေရန် အစီအစဉ်မရှိ။ 

သူမ လုကုအား အသံတိုးတိုးဖြင့် ပြောလိုက်သည် "သွားကြစို့"

သူမတို့သာ ကြာကြာထပ်နေပါက ထိုနှစ်ယောက်သည် သူမ၏လူရိုးလေး လုကုအပေါ် မကောင်းသည့်အကျိုးသက်ရောက်မှုများ ရှိသွားစေမည်ကို စိုးရိမ်မိပါသည်။

သူမ လိမ္မာသည့်ကလေးတစ်ဦးအား မဆိုးသွမ်းသွားစေချင်။

နဉ့်ကျီ ရိုက်ထားသည့် ဓာတ်ပုံများနှင့်ဗီဒီယိုများအား သိမ်းလိုက်ပြီးနောက် လုကုဆီမှ သူမ၏လက်အား ဖြည်းဖြည်းချင်းဖယ်ပေးရင်း သူနှင့်အတူ ထွက်လာလိုက်ကြသည်။

လုကု သူ၏မျက်လုံးများရှေ့တွင် ပြန်လင်းသွားသည့်အချိန်၌ မျက်လုံးများအား ပြန်လည်ဖွင့်လိုက်၏။ နဉ့်ကျီသည် လုကု၏လက်အားကိုင်ထားရင်း လှေကားများဆီ ဦးတည်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now