Chapter-79

1.9K 348 29
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

"အနုပညာပြပွဲရဲ့ပိုင်ရှင်က ကျွန်တော့်မိတ်ဆွေပါ ၊ မစ္စနဉ်နဲ့မစ္စတာလု ငွေချေဖို့ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော့်နာမည်ကို ပေးခဲ့လို့ရပါတယ်"

နဉ့်ကျီ ခေါင်းငြိမ့်လိုက်သည် "ကျေးဇူးတင်ပါတယ်"

နဉ့်ကျီ လုကု၏လက်အားကိုင်၍ သွားရန်ပြင်လိုက်သည်။ သူမ ခေါင်းလှည့်လိုက်သည့်အချိန်တွင် လုကု၏ဦးခေါင်းထက်ရှိ indicatorထဲ၌ မိုးကြိုးများနှင့် တိမ်မည်းလေးတစ်ခုရှိနေသည်ကို ချက်ချင်းမြင်လိုက်ရသည်။

သူ စိတ်အနှောင့်အယှက်ဖြစ်နေတာလား?

ဟော်ရှောင်းယွဲ့တစ်ယောက်ကမူ သူမအစ်ကို၏ဝှီးချဲလ်အားတွန်း၍ ထွက်မသွားမီ နဉ့်ကျီနှင့်လုကုအား ဘယ်ပြန်ညာပြန် ကြည့်သွားလိုက်သေးသည်။

"ဘာဖြစ်လို့လဲ?" နဉ့်ကျီ လုကုအား ညင်သာစွာ မေးလိုက်သည် "ဘာဖြစ်လို့ စိတ်တိုနေတာလဲ?"

လုကု သူမအား ကြည့်လာ၏။ သူ၏အကြည့်တို့ နဉ့်ကျီအပေါ်တွင် ခဏမျှရစ်ဝဲနေခဲ့ပြီး အလျင်အမြန်ပင် ခေါင်းပြန်လှည့်သွားသည် "သူ ၊ မကြိုက်ဘူး"

ခဏမျှရပ်သွားပြီး သူထပ်ပြောလာသည် "သူ့ကို မကြိုက်ဘူး"

"ဟော်ရှောင်းယွဲ့ကို သဘောမကျတာလား?" (တရုတ်က 'သူ'နဲ့'သူမ' အသံထွက်က အတူတူဘဲမို့ နဉ့်ကျီက မှားတွေးမိသွားတာပါ)

"မဟုတ်ဘူး" လုကု မျက်မှောင်ကြုံ့သွားသည် "သူ"

နဉ့်ကျီ အနည်းငယ် တွန့်ဆုတ်နေပြီးနောက် မေးလိုက်သည် "ဟော်ရှောင်းယွဲ့ရဲ့အစ်ကိုကို သဘောမကျတာလား?"

နှုတ်ခမ်းများ တင်းတင်းစေ့ထားရင်း လုကု ခပ်တိုးတိုးဖြေသည် "အမ်း"

"ဒါပေမယ့် ဘာလို့တုန်း?"

အတိတ်တုန်းက သူမ၏အစ်ကိုသည် လုကုအားကယ်ခဲ့သည်ဆိုသော ဟော်ရှောင်းယွဲ့၏စကားအား နဉ့်ကျီ အမှတ်ရမိသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် လုကုသည် ဟော်ရှောင်းယန်အား သဘောမကျရသနည်း?

လုကု သူမအား မဖြေပါပေ။

နဉ့်ကျီ မပြန်ခင် ပျိုနီပန်းပွင့်ကြီးများပန်းချီကားကို ငွေချေလိုက်သည်။ ထိုကဲ့သို့သော ပန်းချီကားမျိုးကသာလျှင် လုကု၏အကြိုက်နှင့် လိုက်ဖက်ညီမှုရှိလိမ့်မည်သာ။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now