"မြေးငယ် မင်းလက်ထပ်ရတော့မယ်"
"ဗျာ"
"ဟုတ်တယ် မင်းအတွက်ငါစီစဥ်တာမင်းလက်ထပ်ရမယ်"
"ကျွန်တော်လက်မထပ်နိုင်သေးဘူးဖိုးဖိုး"
"လက်မထပ်လို့မရဘူးမြေးငယ်"
"ကျတော်လွတ်လွတ်လပ်လပ်ပဲနေချင်သေးတယ်ဖိုးဖိုး"
"ဖိုးဖိုးကလဲအသက်ကြီးနေပြီ ကျန်းမာရေးကလဲကောင်းတာမဟုတ်ဘူး ဖိုးဖိုးရှိနေတုန်းငါ့မြေးလေးအတွက်စိတ်ချရအောင်လုပ်ပေးချင်သေးတယ်မိဘတွေမရှိကတည်းကအလိုလိုက်ထားခဲ့တာ တစ်ခါလောက်တော့ဖိုးစကားကိုနားထောင်ပေး "
"အခုလဲ မြေးကရှာနေတာပဲလေ တစ်ပတ်တစ်ယောက်တောင်ရှာလာပေးတာကို"
"အဲံဒါတွေဖိုးကမကြိုက်တာပဲ အတည်တွဲတာလဲမဟုတ်ဘူး မြေးလိုမိုက်မိုက်ကန်းကန်း တစ်ဇွတ်ထိုးသမားကိုကြိုက်တဲ့ကောင်မလေးတွေကိုဖိုးသနားတယ် နောက်ထပ်လဲမိန်းကလေးတွေမြေးနားမကပ်ရအောင်မနစ်နာရအောင်မြေးကိုယောကျာ်းပေးစားတော့မယ်"
"ဘယ်လိုယောကျာ်းပေးစားမယ်ဟုတ်လားဖိုးဖိုး"
ဒါကဂျွန်ဂျောင်ကုလိုplay boyကိုဖိုးဖိုးသက်သက်မဲ့အရှက်ခွဲတာဘယ်နယ့် Strightတစ်ယောက်ကို ယောကျာ်းပေးစားရတယ်လို့
"ငါအမှန်တွေပြောနေတာ"
"ကျတော်ကတော့လုံးဝပဲ"
"အဟွတ် အဟွတ် အဟွတ် အားး အ့ ရင်ဘတ်တွေအောင့်လိုက်တာ"
"ဖိုးဖိုး ဘာဖြစ်တာလဲ"
"မင်းလက်မခံရင်ငါအခုချက်ချင်းေသ သွားတာပဲကောင်းမယ်"
"ကျစ် လက်ခံတယ်ဗျာ"
ဟက် ဂျောင်ကု မင်းထက်လည်လို့ငါကမင်းအဖိုးဖြစ်နေတာပါ မင်းကငါ့လဲမကြောက်ဘူးဘယ်သူ့မှလဲဂရုမစိုက်ဘူး ငါ့ကျန်းမာရေးနဲ့မှမခြောက်ရင်မင်းကလက်ခံမဲ့သူမဟုတ်ဘူး
"အင်း အဲ့ဆိုပြီးတာပဲ"
"ဟမ်"
ဖိုးဖိုးကတော့လူလည်ကျသွားတာဒီကဂျောင်ကုကိုစိန်ခေါ်နေတာပဲ
"ဖိုးဖိုးအဲ့လောက်မှလက်ထပ်စေချင်ရင်လဲ လက်တော့မထပ်နိုင်သေးဘူး စေ့စပ်ပေးထားလိုက်အရင်"
တကယ်ပါဖိုးဖိုးတို့ဘယ်လိုများတွေးေနလဲမသိဘူး ရှေးကျင့်စဥ်တွေသုံးပြန်ပြီဒီကကောင်ကလဲလွတ်လွတ်လပ်လပ်နေချင်သေးတာပျော်ချင်ပါးချင်သေးတာ အလှလေးတွေနဲ့အင်းးးး
"ကောင်းပြီလေ မြေးသဘောပဲအခုတော့လက်ရှိစေ့စပ်ပေးလိုက်မယ် စေ့စက်ပွဲကိုနောက်တစ်ပတ်စမယ်"
"ဒါကမစောလွန်းဘူးလား တစ်ခါမှလဲသူနဲ့မတွေ့ဘူးသေးဘူးလေ"
"အဲ့ဆိုလဲမနက်ဖြန်မင်းသွားတွေ့လိုက်"
ဟက် ဂျောင်ကုက စပြီးအရင်သွားတွေ့ရလောက်ထက်ထိ အဲ့ကောင်ကဘာအဆင့်ရှိလို့လဲ ဂျောင်ကုကအရင်သွားတွေ့လိုက်ရင်ဂျွန်ဂျောင်ကုရာဇဝင်ရိုင်းသွားမှာပေါ့
"မတွေ့ဘူး သူ့လာတွေ့ခိုင်းလိုက်"