နောက်တစ်နေ့နေ့သစ်တောင်စနေပြီပဲ ငါ့စိတ်တွေဘာလို့မကြည်လင်ရတာလဲ နှုတ်ခမ်းပေါ်ကဒဏ်ရာတွေမြင်ရင်ဟိုတနှာရူးကိုသတ်ပြစ်ချင်တယ်အဲ့လိုဇွတ်တရွတ်ဆန်တာတွေကိုမကြိုက်တာဒီဒဏ်ရာတွေနဲ့ငါကဘယ်လိုကုမ္ပဏီသွားရမှာလဲဒီလောက်ရောင်နေတာကိုဂျွန်ဂျောင်ကု ဂျွန်ဂျောင်ကုမင်းအဲ့လိုငါ့အပေါ်တဇွတ်ထိုးဆန်လေငါမင်းကိုအမြင်ကပ်လေပဲ
"သားဂျင် အလုပ်သွားရတော့မယ်လေဆင်းခဲ့တော့"
"ဟုတ်ကဲ့မေမေ"
"သားလေးနှုတ်ခမ်းတွေရောင်နေသလားလို့"
အဟွတ် ဟွတ်
"ဖြေးဖြေးသောက်ပါသားရယ်"
"မေမေသားအလုပ်သွားတော့မယ်နော်"
"အော် အေးအေး"
တောက်စ် နှာဗူးတနှာရူးဂျွန်ဂျောင်ကုဒင်းလုပ်တာမေမေတောင်ရိပ်မိနေပြီမင်းကအကုသိုလ်ကောင်
"စောစောစီးစီးဘယ်သူ့ကိုများမေတ္တာတွေပို့နေတာလဲကင်ဆော့ဂျင်ရှီ"
"................"
ဟောကြည့် ကင်ဆော့ဂျင်တို့ကသူ့ကိုသံမဏိခေါင်းနဲ့နှိုင်းတော့လဲစိတ်ဆိုးတယ်အခုဒီကကောင်ကစကားအကောင်းပြောတော့လဲမတူသလိုမတန်သလိုနဲ့ဇင်ယော်တောင်မျက်ခုံးတန်းလေးကတွန့်ချိုးသွားသေးတာ
"ခင်များနားမပါဘူးလား"
"မင်းမမြင်ဘူးလားငါနားပါလားမပါလားဆိုတာမင်းကမျက်လုံးမပါပဲကန်းနေလို့လား"
တစ်မိုးအောက်ဂျွန်ဂျောင်ကုကိုအကန်းလားလို့မေးရဲတယ်ဆိုကတည်းက ကင်ဆော့ဂျင်တို့သတ္တိတွေသိပ်ရှိနေတယ်ပေါ့
"ခင်များကလေဘယ်လောက်နမ်းနမ်း မပြောင်းလဲဘူးပဲခင်များအများကြီးပြောင်းလဲအောင်များများနမ်းပေးရမယ်"
"မင်းးးထားတော့ဘာလာလုပ်တာလဲ"
"ဟက် ကျုပ်နမ်းထားတာလေးလာကြည့်တာအယောင်လျော့ရင်ထပ်နမ်းပေးမလို့"
"တဏှာရူး"
"အဲ့တဏှာရူးကပဲခင်များယောကျာ်းတော်ရမဲ့လူလေ"
"ပြန်တော့မင်းနဲ့စကားမပြောချင်တော့ဘူး"
"ကျုပ်ကလဲပြောချင်လို့တွေ့ချင်လို့လာတယ်ထင်မနေနဲ့ဂျွန်ဂျောင်ကုတို့အချိန်တွေအဲ့လောက်ပေါမနေဘူးအလကားဘဝင်မြင့်နေတဲ့အဖိုးကြီး"
"မင်းးးး"
ဝူးးးးးးး"Jk မင်းငြိမ်လှကြီလား"
"ဘာလဲအပျော်လေးရှာပေးရမလား"
"ရတယ်Njငါမလိုဘူး"
"ဘာလဲ မင်းကမင်းယောကျာ်းလေးမကြိုက်လို့လား"
"အရေးမပါတာတွေမပြောစမ်းနဲ့Nj"
"လင်ကြောက်ရင်ကြောက်တယ်ပေါ့ကွာ"
"Ty"
"ငါ့လူ မင်းပတ်ရမ်းမနေနဲ့အမှန်တရားတွေမလို့လား"
"ကျစ် အေးအဲ့အကြောင်းပဲပြောနေလိုက်ငါတော့ဒိုးပြီ"
"မင်းကမဟုတ်သေးဘူး မင်းရဲ့clubကိုနေ့ရောညရောငါတို့ပဲကြည့်နေရတယ်"
"နေပါစေကွာ ပြန်ပါစေ သူ့လင်လင်လေးစီသွားပါစေတော့"
"fuck"
"ဟားးဟားးဟားး"