🌺ခင်...မမခိုင်🌺
🍁🍁🍁🍁🍁🍁
Les Story
(ဒုတိယပိုင်း)အင်းလျားကန်ဘောင်တွင်သတို့သမီးလေးတစ်ဦးငိုကြွေးနေပါသည်။
ဘယ်လောက်ထိသူမငိုထားလည်းမသိ...သူမရဲ့မျက်နှာပေါ်လိမ်းခြယ်ထားသောမိတ်ကပ်များပင်မရှိတော့.....။
သူမရှက်လွန်းလို့ကိုယ်ဟာကိုယ်အဆုံးစီရင်ဖို့တွေးနေမိစဥ်မှာ...."မမ...မမ...ဆရာကြီးနဲ့ဆရာကတော်ဆုံးပြီ''
ကားသမားမောင်ဇော်....သူမအနားသို့...ရေးကြီးသုတ်ပြာနဲ့အမောတကောပြောလိုက်သောစကားကြောင့်...သူမ...မျက်လုံးလေးဝိုင်းစက်သွားပါသည်။
သူမမောင်ဇော့်မျက်နှာကို...ဒေါသတကြီးကြည့်လိုက်တော့မောင်ဇော်ကာ...တုန်တုန်ယင်ယင်ဖြင့်...
"မမမဂ်လာခန်းမထဲကထွက်ပြေးတော့ဆရာကမမနောက်
ကိုလိုက်ရင်း..ကားaccidentဖြစ်ပြီး...ဆုံးသွားတာ...ဆရာကတော်.ကဆရာ့သတင်းကိုကြားပြီးနှလုံးရပ်ပြီး....ဆုံး...''"မဖြစ်နိုင်ဘူးမောင်ဇော်...လုံးဝမဖြစ်နိုင်ဘူး..."
သူမသွေးရူးသွေးတန်းအော်ဟစ်ကာ...ငြင်းနေပေမဲ့....အမှန်တရားကတော့...ပြောင်းလဲမသွားခဲ့ပါ...။
ဒယ်ဒီနဲ့မာမီရဲ့..ပုံလေးရှေ့တွင်...သူမဆောက်တည်ရာမရစွာအရူးတစ်ယောက်လို...ငိုကြွေးနေမိသည်။
မဂ်လာပွဲမှာသတ်ို့သားရောက်မလာလို့အရှက်ကွဲခဲ့တဲ့မိန်းကလေးတစ်ယောက်ဟာ...အခုမိဘနှစ်ပါးပါတစ်ပြိုင်တည်းလူ့လောကကြီးကထွက်ခွာသွားတော့...သူမရင်ထဲမှာမီးတောက်...မီးလျှံကြီးတစ်ခုလောင်ကျွမ်းနေသလို...ပူပြင်းလွန်းပါသည်။သူမလုံးခြေထားသောစာရွက်ခေါက်လေးကို...ဖြန့်လိုက်ပြီးမျက်ရည်တွေစီးကျလာပါသည်။
""မမ...ကိုကြီးကိုခွင့်လွှက်ပါ....မိဘစကားကိုမရှောင်လွှဲနိုင်လို့...ကိုကြီးမမနဲ့လက်ထပ်ဖို့လက်ခံရတာပါ...တကယ်တော့ကိုကြီးမှာ...ပြင်မရတဲ့အမှားတစ်ခုကရှိနေပြီးသားပါ...လွန်ခဲ့တဲ့သုံးနှစ်လောက်ကကိုကြီး
KTVကမိန်းကလေးတစ်ဦးနဲ့ငြိစွန်းပြီးသမီးလေးတစ်ယောက်ရခဲ့တယ်..အဲ့ဒါ ကို..ကိုကြီးဒယ်ဒီနဲ့မာမီကို...ဖွင့်မပြောရဲခဲ့ဘူး...အခုတော့သမီးလေးလည်းသုံးနှစ်ရှိနေပါပြီ...အဲ့ဒါ ကြောင့်ကိုကြီးမိသားစုဆီကိုကြီးထွက်သွားပါပြီ....''
YOU ARE READING
ခင်...မမခိုင်
Romanceအငြိုးတွေကြောင့်....ရည်းစား ဟောင်းရဲ့သမီးလေးကိုရည်ရွယ်ချက်ရှိရှိမွေးစားခဲ့သော...အမျိုးသမီးတစ်ယောက်ရဲ့အချစ်