part..3

942 53 0
                                    

🌺ခင်...မမခိုင်🌺
🍁🍁🍁🍁🍁🍁
   Les story
   (တတိယပိုင်း)

မုန်းသော်...သတိရလာတော့...အိပ်ရာထဲမှကုန်းရုန်းထလိုက်မိသည်။
သူမခေါင်းကိုစမ်းလိုက်တော့မုန်းသော်မျက်လုံးပြူးသွားကာ....

"ဟာ...ဒေါ်ကြီးရွှေ...မုန်းသော်ခေါင်း...''
မုန်းသော်...ပက်တီးအထက်၌ပြောင်ရှင်းနေသောသူမခေါင်းကိုကြည့်ပြီးအရမ်းအံ့​ သြသွားသည်။

"မုန်းသော်လေးသတိရပြီလား...''

"မုန်းသော်...ခေါင်းကို..ဘာလို့ကတုံးတုံးလိုက်တာလဲ...ကြီးရွှေတုံးတာလား..''

"ဒေါ်ကြီးရွှေ မတုံးပါဘူးမုန်းသော်ရယ်....မမတုံးလိုက်တာပါ...ဒဏ်ရာကိုပက်တီးစည်းလို့အဆင်ပြေအောင်တဲ့...''

"ဟာ...အဓိပ္ပါယ် မရှိတာ..ဒဏ်ရာနားကွက်ပြီးရိတ်လိုက်ရတာကို...ဒါမုန်းသော်ကိုမမတမင်လုပ်တာ....''

မုန်းသော်သူမခေါင်းကိုကြည့်ပြီးအကြီးအကျယ်ဒေါသဖြစ်နေပါသည်။
အခုလိုပက်တီးကြီးဖွေးနေအောင်စည်းရလောက်အောင်လည်းမုန်းသော်ရဲ့ဒဏ်ရာကကြီးတာမဟုတ်။
ဒါသက်သက်မဲ့မမမုန်းသော်ကိုပညာပြလိုက်ခြင်းဆိုတာမုန်းသော်သိပါသည်။

"ဒီပုံကြီးနဲ့မုန်းသော်ကျောင်းကိုဘယ်လိုသွားရမှာလည်းဒေါ်ကြီးရွှေ...
မသွားဘူး...စာမေးပွဲ လည်းမဖြေဘူး....''

မုန်းသော်ဂျစ်တိုက်ပြီးပြောပြစ်လိုက်တော့ဒေါ်ကြီးရွှေအထိတ်တလန့်ဖြစ်သွားကာ...

"မလုပ်ပါနဲ့ ကလေးရယ်...ကလေးကဘာလို့မမအခန်းကိုပြတင်းပေါက်ကခိုးဝင်လဲ..သူလည်းသူခိုးထင်ပြီးလုပ်လိုက်တာပါကွယ်....''

"မမကိုတွေ့ချင်လို့ကြံမိကြံရာကြံတာပဲဒေါ်ကြီးရွှေရာ...''

မုန်းသော်မျက်နှာလေးမှာစူပုတ်နေသည်။ဒီပုံစံနဲ့ကျောင်းသွားရင်...သူများတွေမလှောင်ခင်စစ်ဘုန်းကအရင်လှောင်တာကိုခံရအုံးမည်။
ကျောင်းရောက်တော့မုန်းသော်ထင်သည့်အတိုင်းစစ်ဘုန်းတစ်ယောက်မုန်းသော်ကိုတွေ့တွေ့ချင်း...အံ့သြသလိုတချက်ကြည့်ပြီးနောက်...အူးယားဖားယားရယ်ပါတော့သည်။

ခင်...မမခိုင်Where stories live. Discover now