part.4

888 50 0
                                    

🌺 ခင်...မမခိုင်🌺
🍁🍁🍁🍁🍁🍁

  Les Story
  (စတုတ္ထပိုင်း)

ကန်တင်းတွင်...မုန်းသော်မမနဲ့တွေ့ခဲ့သည့်အကြောင်းကိုနားထောင်ပြီးအားလုံးမှာမယုံနိုင်သလိုအံ့သြလျက်။
ဒါတောင်မုန်းသော်မမထိပ်ထားနဲ့ပက်သက်ပြီးမမလုပ်ခိုင်းတာကိုပြောမပြသေး...ထိုအကြောင်းသာသိရင်ဘယ်လိုဖြစ်ကုန်ကြမလဲမသိ။

"ဒါ ဆိုရင်နင်က...သရုပ် ဆောင်မင်းသမီးလုပ်တော့မှာပေါ့....''

စစ်ဘုန်းအသံဝမ်းနည်းသံကြီးပေါက်နေသည်။
စစ်ဘုန်းအနေနဲ့မုန်းသော်က်ိုမင်းသမီးမလုပ်စေချင်....ကျောင်းပြီးရင်သူတို့လေးယောက်coffee barလေးဖွင့်ဖို့တိုင်ပင်ထားပြီးသား...အခုမုန်းသော်ကမင်းသမီးလုပ်ရင်သူတို့နဲ့အတူလုပ်နိုင်မှာမဟုတ်တော့...။
ပြီးတော့...မင်းသမီးလုပ်ရင်မုန်းသော်ကိုဟိုလူကဖက်ဒီလူကဖက်နဲ့...စစ်ဘုန်းအူတိုရမှာဖြစ်သည်။

"ဟဲ့စစ်ဘုန်းနင့်မျက်နှာကြီးကအိုစာနေတာပဲ...ဘာဖြစ်နေတာလဲ..''

ဒါလီကစစ်ဘုန်းအကြောင်းကိုသိနေသူပီပီလှမ်းဟောက်လိုက်သည်။

"ငါ မင်းသမီးလုပ်လည်း..coffee barမှာရှယ်ယာပါမှာပါဟာ...အချိန်ရရင်ရသလိုနင်တို့ဆီလာမှာပေါ့....''

ရတီက...သက်ပြင်းချရင်း....

"နင့်...မမကလည်းတစ်မျိုးပဲ...''

"ဟုတ်ပဟာ...စတွေ့ကတည်းကငါတော့ကြည့်လို့ကိုမရဘူး...တကယ်ဆို...သူဟာ...နင့်ကိုမွေးစားထားတဲ့အမေ...ပါလို့ပြောရင်ဘာဖြစ်မှာမို့လဲ......''

စစ်ဘုန်းကစိတ်အလိုမကျသလိုဆိုလိုက်သည်။
ရတီက...လည်း....

"ဟုတ်ပ...သူ့အခန်းကိုနင်ခိုးတတ်တုန်းကလည်း...နင့်ခေါင်းကိုပန်းအိုးနဲ့ထုပြီးကတုံးတောင်တုံးပစ်တာ...သေချာတာကတော့နင့်မေမေလေးက
Psychoကြီးပဲ...''

"ဟုတ်တယ်နင်သတိထားနေအုံး...ဟိဟိ..''

"ငါတော့နင့်က်ိုမင်းသမီးမလုပ်စေချင်ဘူးဟာ...''

စစ်ဘုန်းက...အလိုမကျသံကြီးနဲ့ဆိုပြန်သည်။

"ငါ လည်းမလုပ်ချင်ပါဘူး...မမကလုပ်စေချင်လို့လုပ်ရမှာ..''

ခင်...မမခိုင်Where stories live. Discover now