🌺ခင်...မမခိုင်🌺
🍁🍁🍁🍁🍁
Les story
(ပဥ္စမပိုင်း)part...3မုန်းသော်အိပ်ယာကထတော့နောက်ကျနေပြီဖြစ်သည်။ညတုန်းကကိစ စကြောင့်...မုန်းသော်တော်တော်နဲ့အိပ်လို့မရသလိုကိုယ့်ကိုယ်ကိုယ်လည်းဒေါသထွက်မဆုံးဖြစ်နေမိသည်။
မုန်းသော်...ဘာကြောင့်ဒီလောက်ထိအသိတရားကင်းမဲ့သွားရတာလဲ...။
အခုတော့ကိုယ့်ကျေးဇူးရှင်ကိုစော်ကားသလိုဖြစ်သွားပြီဖြစ်သည်။."ကလေးမုန်းသော်...''
ဒေါ်ကြီးရွှေအော်သံကြောင့်မုန်းသော်ကုတငိပေါ်ကဆင်းလိုက်သည်။
"ဟုတ်ဒေါ်ကြီးရွှေ....''
"နိုးရင်ထတော့ရိုက်ကွင်းရှိတယ်မို့လား...''
"ဟုတ်ကဲ့ဒေါ်ကြီးရွှေ...''
မုန်းသော်တံခါးကိုဖွင့်လိုက်သည်။ဒေါ်ကြီးရွှေကမုန်းသော်ရဲ့မျက်နှာကိုကြည့်ပြီး....
.
"ကလေး...ညကမမနဲ့ဘာဖြစ်ထားသေးလဲ...မမတော့စိတ်ဆိုးနေပုံပဲ''"အခုမမရောဟင်...''
"သွားပြီ...မောင်နန္ဒလာခေါ်သွားတယ်....ကားသွားကြည့်မလို့ဆိုလားပဲ...မုန်းသော်ကိုရိုက်ကွင်းကိုလိုက်ခဲ့ပါတဲ့...''
"ဟုတ်လား မမက...ကားအသစ်ဝယ်မလို့လား...''
"ဟုတ်မှာပေါ့ကွယ်...''
မုန်းသော်စိတ်မကောင်းဖြစ်သွားသည်။မမက...ကားအသစ်တစ်စီးထပ်ဝယ်တယ်ဆိုတော့.. မုန်းသော်နဲ့...အရင်လိုအတူတူကားတစ်စီးတည်းအတူတူမစီးတဲ့သဘောပင်။
အဲ့လောက်တောင်လားမမရယ်...။"ကဲကဲအမြန်လုပ်...နောက်ကျနေအုံးမယ်...ပြီးတော့မုန်းသော်ဒီနေ့ဝတ်မဲ့....အဝတ်စားကို....မမအခန်းထဲမှာထုတ်ပေးထားခဲ့တယ်တဲ့...''
"ဟုတ်ကဲ့ဒေါ်ကြီးရွှေ''
မုန်းသော်ရေချိုးအဝတ်စားလဲကာမနက်စာပင်မစားတော့ပဲရိုက်ကွင်းကိုထွက်ခဲ့သည်။ရိုက်ကွင်းရောက်တော့လူတွေအားလုံးစုံနေပြီဖြစ်သည်။
မိတ်ကပ်ပြင်တဲ့မာမီစန်းက...."နောက်ကျလိုက်တာမင်းသမီးရယ်...လာမိတ်ကပ်နည်းနည်း
ပြင်ရအောင်...''
YOU ARE READING
ခင်...မမခိုင်
Romanceအငြိုးတွေကြောင့်....ရည်းစား ဟောင်းရဲ့သမီးလေးကိုရည်ရွယ်ချက်ရှိရှိမွေးစားခဲ့သော...အမျိုးသမီးတစ်ယောက်ရဲ့အချစ်