part..8

2.5K 111 3
                                    

🌺ခင်...မမခိုင်🌺
🍁🍁🍁🍁🍁
Les story
(ပဥ္စမပိုင်း)ဇာတ်သိမ်း

ကားလမ်းမကြီးပေါ်တွင်...လမ်းမီးရောင်များထိန်လင်းနေသည်။
မုန်းသော်...မျက်ဝန်းဝယ်မျက်ရည်များက...အောက်သို့စီးကျမလာပဲမျက်ဝန်းအိမ်ထဲတွင်​ ပြည့်လျှံ​ နေတာမို့ထိုအလင်းရောင်များကို မုန်း သော်မမြင်။မုန်းသော်ရဲ့ခန္ဓာကိုယ်မှာချောက်ကမ်းပါတစ်ခုပေါ်မှပြုတ်ကျသလို့...လစ်ဟာနေသည်။

ခြေဦးတည့်ရာကို...ပြေးထွက်လာမိတာကြောင့်....သူမဘယ်နေရာကိုရောက်လို့ရောက်မှန်းမသိတော့....။
ခဏတာအတွင်းမှာကြုံဆုံလိုက်ရတဲ့အဖြစ်အပျက်များဟာ....မုန်းသော်အတွက်လောကကြီးကပြောင်းပြန်လှန်သွားသလိုပင်။
မမ...သိပ်ကိုရက်စက်လွန်းလှသည်။

မမမုန်းသော်ကို...ကြွေးမွေးစောင့်ရှောက်ခဲ့တာတွေက...အခုလိုမုန်းသော်ကိုလူပုံအလယ်မှာအရှက်ကွဲစေဖို့ရည်ရွယ်ခဲ့မှန်းမုန်းသော်ယောင်လို့တောင်မတွေးဘူးခဲ့။
မမဟာ....အပင်လေးကိုရေလောင်းပေါင်းသင်ပျိုးထောင်ပြီးမှ...ရေနွေးပူနဲ့လောင်းချခဲ့သည်။

မုန်းသော်မမကိုချစ်ခဲ့သလောက်မမကမုန်းသော်ကိုရက်စက်သည်။
မမဟာသိပ်ကိုကြောက်စရာကောင်းပြီးအငြိုးကြီးတဲ့မိန်းမတစ်ယောက်
ဆိုတာမုန်းသော်လက်ခံလိုက်ပြီဖြစ်သည်။
မုန်းသော်မမကိုအရမ်းချစ်ခဲ့မိတာ...တွေးရင်းမုန်းသော်နောင်တရကာမျက်ရည်တွေကျလာသည်။

မုန်းသော်ရဲ့ဘဝတစ်ခုလုံးကို...စုတ်ပြတ်သက်အောင်လုပ်ဖို့...အမြဲ..အကွက်ကျကျစီစဥ်နေတဲ့မိန်းမတစ်ယောက်ကိုမုန်းသော်က...ရူးမိုက်စွာချစ်ခဲ့မိသည်တဲ့လား...။

အာ...လောကကြီးကသိပ်ရယ်စရာကောင်းလွန်တယ်....
မုန်းသော်လမ်းဘေးပလက်ဖောင်းတွင်ထိုင်ချလိုက်ပြီး...ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။
မုန်းသော်ဘဝဟာ...အခုတော့မိဘမဲ့...ဘာအောင်မြင်ကျော်ကြားမှုမှမရှိတော့ ပဲစုတ်ပြတ်သတ်​ နေတဲ့မုန်းသော်ပင်။

"မုန်းသော်...''

စစ်ဘုန်းတို့လမ်းဘေးပလပ်ဖောင်းတွင်ထိုင်နေသော...မုန်းသော်ကိုတွေ့တာကြောင့်ကားပေါ်မှအားလုံးဆင်းလိုက်ကြသည်။
သူတို့လည်းမုန်းသော်ရဲ့မိဘများအကြောင်းကို...ဒေါ်ခင်မမခိုင်စင်ပေါ်ကအားရပါးရပြောပြီးလူပုံအလယ်မှာဲအရှက်ခွဲနေချိန်မှာ...အားလုံးမယုံနိုင်လောက်အောင်ဖြစ်ရသည်။
ပြီးတော့....မမမြတ်ထိပ်ထားနဲ့ပါ ပါဝင်ပတ်သက်မယ်လို့လည်းမထင်ခဲ့မိချေ...။
အခြေနေမဟန်တော့ဘူးဆိုတာသိတာကြောင့်သူတို့အသာလစ်ထွက်ခဲ့တာဖြစ်သည်။
လမ်းရောက်မှ...မုန်းသော်အတွက်စိုးရိမ်ကာ...သူ့တို့ပြန်လှည့်လာခဲ့ကြတာ...အခုထင်တဲ့အတိုင်း...မုန်းသော်ကိုလမ်းဘေးပလပ်ဖောင်းပေါ်တွင်တွေ့လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Nov 12, 2022 ⏰

Add this story to your Library to get notified about new parts!

ခင်...မမခိုင်Where stories live. Discover now