part.5

1K 49 0
                                    

🌺ခင်...မမခိုင်🌺
🍁🍁🍁🍁🍁🍁
  Les Story
( ပဥ္စမပိုင်း)
Part....1

မုန်းသော်နဲ့မမရေချိုးခန်းထဲကကိစ္စကြောင့်တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြ။
မုန်းသော်ကတော့...မမနဲ့ပတ်သက်ပြီးရင်ထဲမှာနာကျင်နေမိပေမဲ့လည်းမမအတွက်ဝတ္တရားမပျတ်လုပ်စရာရှိတာများကိုလုပ်ပေးပြီးမှစာမေးပွဲသွားဖြေသည်။
လေးဘာသာဖြေပြီးတဲ့နေ့ရောက်တော့....ဒေါ်ကြီးရွှေတို့လင်မယားဆေးရုံကပြန်ဆင်းလာကြသည်။

"ဟာ...ဒေါ် ကြီးရွှေတို့ဆင်းလာပြီလားဟင်....''

မုန်းသော်ဝမ်းသာသွားသည်။ဦးစံပုံကလည်းရွှင်ရွှင်လန်းလန်း...မို့ပိူပြီးဝမ်းသာမိသည်။ဆေးရုံတတ်ကတည်းက...မုန်းသော်တစ်ခါမှ...ဦးစံကိုသွားမကြည့်ဖြစ်ခဲ့...မုန်းသော်သွားကြည့်ဖို့ပြောတော့လည်းမမက...မသွားခိုင်းတာကြောင့်လည်းပါပါသည်။

"ဟုတ်တယ် မုန်းသော်လေးရဲ့...သမီးဦးစံလည်းအတော်သက်သာသွားပြီလေ....ဒါပေမဲ့အစားအသောက်ကတော့အရင်လိုသရမ်းလို့မရတော့ဘူးပေါ့...''

ဒေါ် ကြ​ီးရွှေကဦးစံကိုမျက်စလှမ်းပြစ်ရင်းဆိုတော့ဦးစံကရယ်ကာ...

"အင်းပါအဘွားကြီးရယ်....ကျုပ်လည်းတကယ်ကို
လန့်သွားပါပြီဗျာ...ဒါနဲ့မုန်းသော်လေးရောစာမေးပွဲဖြေနိုင်ရဲ့လား''

"ဖြေန်ိုင်ပါတယ်...ဦးစံ...ဒါနဲ့မမပြန်မရောကိသေးဘူးလားဟင်...''

အိမ်ထဲတွင်မမရဲ့အရိပ်အယောင်ကို...မတွေ့တာကြောင့်မုန်းသော်မေးလိုက်သည်။

"မမက...မုန်းသော်ပြန်မလာခင်ကပဲလေဆိပ်ဆင်းသွားပြီလေ....ဟိုကအလုပ်တွေကို...လက်စသတ်စရာရှိလို့တဲ့...''

မုန်းသော်ရင်ထဲဆို့သွားရသည်။တအိမ်တည်းနေတာကိုမမ.က....မုန်းသော်ကိုတောင်မသိမပေးသွား...မုန်းသော်ကအဲ့လောက်တောင်မမအတွက်အရေးမပါသူတစ်ယောက်လားမမရယ်...။
မုန်းသော်...အခန်းထဲဝင်ကာလွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ပြီးမမအိပ်စက်တဲ့ကုတင်လေးကိုကြည့်နေမိသည်။
မမမရှိပဲ....မုန်းသော်...အိပ်စက်လို့ရမယ်မထင်...။
မမကို...မုန်းသော်ဘာ့ကြောင့်ရူးရူးမိုက်မိုက်ချစ်မိသွားတာလဲမပြောတတ်။
တကယ်ဆိုမုန်းသော်ချစ်သင့်တာက...ခင်မမခိုင်ဆိုသောမမမဟုတ်...ပဲမြတ်ထိပ်ထားဆိုသောမမထိပ်ထားပင်ဖြစ်သည်။
မမထိပ်ထားကိုလည်းမုန်းသော်ချစ်သည်။
ဒါပေမဲ့မမထိပ်ထားပေါ်ချစ်တဲ့အချစ်က...အေးချမ်းသည်။
မမထိပ်ထားအ​ကြောင်းကိုတွေးလိုက်တိုင်းလည်းမုန်းသော်....ရင်ထဲအမြဲအေးချမ်းသွားရသည်။
မမနဲ့ပက်သက်ပြီးလာရင်တော့ထိုခံစားမှုများကလုံးဝဆန့်ကျင်ဘက်...မမအကြောင်းကိုစဥ်းစားရင်မုန်းသော်အမြဲနာကျင်ရသည်(ပါးရိုက်ခံရလို့မဟုတ်)။
တခါတလေမမကိုကြည့်ပြီးစိတ်လှုပ်ရှားရင်ခုန်ရတာမျိုးလည်းရှိသည်။
မမဟာ...မုန်းသော်အတွက်...အမျိုးစုံကခုန်တတ်သော...မင်းသမီးလေးတစ်ပါးအလားပင်။
မမကိုမုန်းသော်မချစ်သင့်မှန်းသ်ိသိရက်နဲ့ချစ်မိနေတာ....မုန်းသော်ရဲ့အကြီးမားဆုံးရူးသွပ်မှုကြီးတစ်ခုဖြစ်သည်။
မုန်းသော်တို့နောက်ဆုံးဘာသာဖြေပြီးချိန်ရောက်တော့စစ်ဘူန်းက...

ခင်...မမခိုင်Where stories live. Discover now