UNICODE
သုံးလကြာပြီးနောက်
ရှီလာတိုင်းပြည်အတွင်း ပွဲတော်ကြီးတစ်ခုကျင်းပလေသည်။ အိမ်ရှေ့စံမင်းသားလေး၏ သုံးလပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်ပင်ဖြစ်လေသည်။
နန်းတော်ထဲတွင် အမတ်၊ ဝန်မင်း၊ စစ်သူကြီး၊ အထိန်းတော်၊ အပျိုတော်၊ ရဲမက်စစ်သည်များအားလုံး ပွဲတော်ကိုပါဝင်ဆက်နွှဲနေကြလေသည်။
အမတ်ကြီးအီသည်လည်း မကြာသေးခင်ကပဲ နက္ခတ်တာရာခေါင်းဆောင်ဖြစ်သူ မီရာနှင့် ထိမ်းမြားလက်ထက်ပြီးဖြစ်လေသည်။
ရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီးတို့စားပွဲဘေးတွင် အမတ်ကြီးတို့ဇနီးမောင်နှံ၏စားပွဲရှိလေသည်။ မိဖုရားခေါင်ကြီး၏လက်ထဲတွင်လည်း အနှီးထုပ်လေးဖြင့်ပိုက်ထားသော အိမ်ရှေ့စံမင်းသားကိုချီထားပြီး မီရာ၏လက်ထဲတွင်လည်း သူ၏သားဖြစ်သူကိုချီထားလေသည်။
မီရာနှင့်မိဖုရားခေါင်ကြီးသည်လည်း မိမိတို့၏ကလေးများအကြောင်းပြောရင်း ရယ်မောပျော်ရွှင်နေကြလေသည်။
"မယ်မယ် မင်းသားလေးရဲ့ သုံးလပြည့်မွေးနေ့မင်္ဂလာအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ"
"မင်းရဲ့မင်္ဂလာပွဲအတွက်လည်းဂုဏ်ယူပါတယ်~ ဒါနဲ့ ဒီကလေးလေးက အမတ်ကြီးအီရဲ့သားလေးမလား နာမည်ကဘာများလဲ"
မီရာ မိမိရင်ခွင်ထဲရှိ သားငယ်ကိုငုံ့ကြည့်လိုက်ရင်း ဖြေလိုက်လေသည်။
"ဟီးဆွန်းပါ အီဟီးဆွန်း"
"အရမ်းကောင်းတဲ့နာမည်ပဲ~ နောင်တစ်ချိန်မှာ သားတော်အတွက် ကစားဖော်လည်းရတာပေါ့"
ထိုအချိန်တွင် နန်းတော်ရင်ပြင်ရှိ ဗုံကြီးနှစ်လုံးဆီမှ မြည်ဟီးသံထွက်ပေါ်လာလေသည်။
ရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီးဟာ မတ်တတ်ရပ်ရင်း
"ဒီနေ့ဟာ ငါကိုယ်တော်ရဲ့သားငယ် အိမ်ရှေ့စံမင်းသားရဲ့ သုံးလပြည့်မွေးနေ့မင်္ဂလာပဲ~ ဒီလိုနေ့ထူးနေ့မြတ်မှာပဲ အိမ်ရှေ့စံမင်းသားရဲ့ဘွဲနာမည်ကို ပေးအပ်တော်မူမယ်"
YOU ARE READING
Rewrite The Stars
Fanfictionငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှိခဲ့တဲ့ ဟိုးအရင်အချိန်တွေကို ပြန်လိုချင်တယ်~