"မတွေ့တာကြာပြီ ဆောင်ဟွန်း"
ဟီဆွန်း ဆောင်ဟွန်းကိုနှုတ်ဆက်လိုက်ကာ သူ့ရဲ့ဓားကိုလည်းသိမ်းလိုက်လေသည်။
ဆောင်ဟွန်းလည်း သူ့ရဲ့ဓားကိုပြန်သိမ်းလိုက်ပြီး မထင်မှတ်ထားသောအသံဖြင့် ပြောလာလေသည်။
"သခင်လေး ကျွန်တော့်ကိုမှတ်မိမယ်လို့မထင်ထားဘူး"
"ငါက မင်းကိုမမှတ်မိစရာလား ထားပါ အဲ့ဒီကိစ္စ နောက်မှသီးသန့်ပြောတာပေါ့"
ထိုမျှသာပြောပြီး အိမ်ရှေ့စံရှိရာသို့ လှည့်ထွက်သွားလေသည်။
"ဟျောင်း ဘယ်အချိန်ကပြန်ရောက်တာလဲ ဟိုနေ့က ခေါင်းဆောင်ပတ်တောင် အခစားဝင်သေးတယ် ဟျောင်းပြန်လာဖို့က တစ်ပတ်လောက်ကြာဦးမှာလို့ပြောသွားတာ"
"အင်း စကားနားမထောင်တဲ့ကောင်လေးတစ်ယောက်အကြောင်းကြားပြီး အမြန်ပြန်လာတာ"
"အယ် နားထောင်ပါတယ်နော် အဲ့နေ့က မဖြစ်မနေ လုပ်စရာလေးတစ်ခုရှိလို့ပါ"
"ဘယ်လိုပဲဆိုဆို ညဖက်ကြီးလေကွာ နေ့ဖက်တောင် ဒီလောက်အန္တရာယ်များတာကို ဟျောင်းကို စိတ်မချအောင်မလုပ်စမ်းနဲ့"
"စိတ်မချရင် နယ်စပ်ကိုမသွားနဲ့ပေါ့လို့ ပစ်ထားတုန်းကပစ်ထားပြီး အခုမှ ပွစိပွစိလာပြောမနေနဲ့"
မပြောမဆိုနဲ့ နယ်စပ်ထွက်သွားတာကို စိတ်ဆိုးဖို့ အခုမှသတိရသွားသည့်ပုံပင်။ မျက်နှာလေးဆူပုတ်ကာ ဒုန်းဒုန်းဒိုင်းဒိုင်းထွက်သွားလေသည်။
"ဆောင်ဟွန်း မင်းသူ့ကို တော်တော်လေးစိတ်ရှည်ရှည်ထားပြီး ထိန်းရလိမ့်မယ် မင်းသခင်လေးက ငယ်ငယ်ကထက် ပိုဆိုးလာပြီ"
ထွက်သွားသည့်ကျောပြင်ငယ်လေးကို ပြုံးကာကြည့်ရင်း ဆောင်ဟွန်းကို ပြောလိုက်လေသည်။
ဆောင်ဟွန်းလည်း ဟီဆွန်းဘေးနားကိုရောက်လာပြီး
"ကျွန်တော် မင်းသားငယ်ကို အများကြီးစိတ်ရှည်ပြီး ဘေးနားကနေ စောင့်ရှောက်ပေးမှာပါ"
ဟီဆွန်း ဆောင်ဟွန်းပုခုံးထက်သို့လက်တင်လိုက်ပြီး
"အင်း ကိုယ်ရံတော်က တခြားသူမဟုတ်ဘဲ မင်းမလို့ ငါစိတ်ချသွားပြီ မဟုတ်ရင် အခုလို ငါတိုက်ပွဲအတွက် မြို့တော်မှာ တစ်လနှစ်လလောက်မရှိတဲ့အချိန်ဆို အမြဲနောက်ဆံတင်းနေရတယ်~ ယွန်းလေးကို ငါ့ကိုယ်စား သေချာစောင့်ရှောက်ပေးပါ သူ့ဘေးနားမှာ အမြဲလုပ်ကြံသူတွေ ရှိနေတာ"
VOCÊ ESTÁ LENDO
Rewrite The Stars
Fanficငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှိခဲ့တဲ့ ဟိုးအရင်အချိန်တွေကို ပြန်လိုချင်တယ်~