♡15♡

88 23 10
                                    

"သေချာဆုံးဖြတ်ပြီးပြီလား ဟွန်းလေး"

"ဟုတ် ကျွန်တော်ဆုံးဖြတ်ပြီးပြီ မမဂျီရာ~ ဟိုးငယ်ငယ်လေးကတည်းက ကျွန်တော်ရှိနေရမယ့်နေရာက အိမ်ရှေ့စံဘေးမှာမလား"

ဆောင်ဟွန်း နှင်းပွင့်အသင်္ချေတောင်ကနေဆင်းလာပြီး ပထမဆုံးလုပ်တဲ့အရာက သူ့ရဲ့နှစ်ယောက်မရှိတဲ့ အိမ်ရှေ့စံလေးကို သွားကြည့်ခဲ့တာပါပဲ။

ကံကောင်းချင်တော့ အိမ်ရှေ့စံလေးကလည်း နန်းတော်အပြင်ခိုးထွက်တဲ့အချိန်နဲ့ဆုံပြီး မြို့တော်တစ်လျှောက်လုံးရော နောက်ဆုံး သူတို့ငယ်ငယ်ကဆုံနေကျ မေပယ်လ်ပင်အောက်အထိ ဆောင်ဟွန်း အဝေးကနေငေးကြည့်နေခဲ့လေသည်။

သူ့ရဲ့သခင်ငယ်လေး~ အခုတော့ သူ့ရဲ့အိမ်ရှေ့စံငယ်လေး~ သူတစ်သက်လုံးကာကွယ်စောင့်ရှောက်ချင်မိတဲ့သူနဲ့ ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ သူ့ရဲ့အရှင်သခင်နဲ့က ထပ်တူကျနေတဲ့အကြောင်း တွေးမိလေတိုင်း ကောင်းကင်မင်းကြီးကို ကျေးဇူးတွေအထပ်ထပ်တင်ခဲ့လေသည်။

~မင်းသားငယ် ကျွန်တော်က မင်းသားငယ်ကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်သွားမှာလို့ မင်းသားငယ်က အခုလိုအပူအပင်ရှိ အများကြီးပြုံးရယ်ပေးပါ~

"ကောင်းပြီလေ ဟွန်းလေးကို မမယုံတယ်~ အိမ်ရှေ့စံကို သေချာစောင့်ရှောက်ပါ~ ကိစ္စတစ်ခုခုရှိရင်လည်း ဆက်သွယ်ဖို့မမေ့နဲ့ မြို့တော်ထဲမှာ မမရဲ့အသိသမားတော်တစ်ယောက်ရှိတယ် သူက ဆေးဆိုင်ဖွင့်ထားတာ မမစာရေးပေးလိုက်မှာမလို့ နန်းတော်ထဲကိုမဝင်ခင် အဲ့ဒီဆိုင်ကို အရင်သွားလိုက်~ ဟွန်းလေး အကူအညီလိုရင် မြို့ပြင်ထိလာစရာမလိုဘူး သူကနေတစ်ဆင့်ဆက်သွယ်လို့ရတယ်"

"ဟုတ်ကဲ့ပါ မမဂျီရာ"

~~~~~~~~~~~~~~~~~~~~~~~~~~

မြို့ထဲက စားသောက်ဆိုင်တစ်ခုရဲ့ မြေအောက်ခန်းတစ်ခုရှိ လူသုံးယောက်~

ခေါင်းဆောင်ဖြစ်ဟန်တူသူက စားပွဲရှည်ကြီးရဲ့ထိပ်တွင်ထိုင်နေပြီး ကျန်နှစ်ယောက်မှာ ဘေးနားတွင် မတ်တတ်ရပ်ကာ တစ်စုံတစ်ခုကိုဆွေးနွေးနေကြပုံပေါ်လေသည်။

Rewrite The StarsOnde histórias criam vida. Descubra agora