♡11♡

208 27 8
                                    

Unicode

ကောင်လေးသုံးယောက်ရဲ့ ပျော်ရွှင်စရာ နေ့လေးက ‌သတိပေးထားခြင်းမရှိဘဲ ဝင်ရောက်လာတဲ့ ကံကြမ္မာဆိုးကြောင့် ပျက်စီးသွားခဲ့လေ၏။

"ဟျောင်း"

သားရဲကောင်၏ အမြှီးဖြင့်တိုက်ခိုက်မှုကြောင့် ဟီဆွန်း အဝေးရှိသစ်ပင်နှင့်ရိုက်မိပြီး မြေပြင်ပေါ်သို့ကျသွားလေသည်။

ခန္ဓာကိုယ်ထက်တွင်လည်း ထိခိုက်ဒဏ်ရာများ များစွာရရှိထားလေသည်။

အိမ်ရှေ့စံနဲ့ဆောင်ဟွန်း ဟီဆွန်းရှိရာ ပြေးသွားပြီး တွဲထူပေးလိုက်ကြ၏။

"ဆောင်ဟွန်း~ ယွန်းလေးကိုခေါ်ပြီး လုံခြုံတဲ့နေရာကိုသွား"

ဘေးနားမှ ဆောင်ဟွန်းလက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်၏။

"ငါ သူ့ကိုနိုင်အောင်မတိုက်နိုင်ဘူး သူကလည်း မီးစွမ်းအင်ပဲ ငါ့မီးစွမ်းအင်တွေက သူ့.. သူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူး ဆန့်..ကျင်ဘက် စွမ်း..အင်ကပဲ သူ့ ကို အနိုင်ယူနိုင်မှာ"

ဟီဆွန်း စကားတစ်ခွန်းပြောဖို့ကိုပင် အတော်လေးအားယူနေရလေသည်။

"အဲ့ဒါကြောင့် ယွန်းလေး.. ကိုခေါ်ပြီး သွားတော့ မင်းတို့နောက်လိုက်မလာနိုင်အောင် ငါ.. ငါ တားထားပေးမယ်"

"ဟင့်အင်း ဟျောင်းမပါဘဲ မသွားဘူး လုံးဝမသွားဘူး"

ဘေးနားမှ ငိုမဲ့မဲ့လေးပြောလာသော အိမ်ရှေ့စံစကားကြောင့် ဟီဆွန်း အိမ်ရှေ့စံလက်လေးကို ဆုပ်ကိုင်လိုက်ပြီး

"ယွန်းလေး ဟျောင်းကနောက်ကနေ ချက်ချင်းလိုက်လာမှာမလို့ ဟျောင်းစကားကို နားထောင်နော်~ လိမ္မာတယ်မလား ဟျောင်းရဲ့ယွန်းလေးက~"

"ဒါပေမယ့်..."

အိမ်ရှေ့စံစကားပင်မဆုံးသေး ‌နောက်ဖက်ဆီမှ သားရဲကောင်က မီးလျှံများကိုပစ်လွှတ်လိုက်လေရာ ဟီဆွန်းဓားကို မြေပြင်ထဲသို့ ထိုးစိုက်လိုက်ပြီး သူတို့သုံးယောက်ရှိရာ ဝန်းကျင်ပတ်လည်တွင် မီးလျှံအကာအကွယ်တစ်ခုပေါ်လာစေ၏။

"ဆောင်ဟွန်း သွားတော့ အချိန်မရှိတော့ဘူး ယွန်းလေးကိုခေါ်သွား ပြီးတော့~"

Rewrite The StarsDove le storie prendono vita. Scoprilo ora