ကြီးကျယ်ခမ်းနားလှတဲ့နန်းတော်ကြီးရဲ့ ဥယျာဉ်တော်တစ်ခု~
သစ်ပင်ပန်းမန်တွေ စိမ်းစိုအောင် ပေါက်ရောက်နေပြီး အရောင်အသွေးစုံလင်လှတဲ့ပန်းတွေလည်း ဖူးပွင့်နေတဲ့ အရမ်းလှပတဲ့ဥယျာဉ်တစ်ခု~
ရေကန်ကြီးတစ်ကန်လည်းရှိပြီး ကြာပွင့်လေးတွေလည်း ပွင့်လန်းနေကာ ပန်းချီကားချပ်တစ်ချပ်အလားပင် လှပနေလေ၏။
ရေကန်ကြီးရဲ့အလယ်မှာတော့ အပန်းဖြေအနားယူဖို့ နန်းဆောင်တစ်ခုဆောက်လုပ်ထားပြီး တံတားတစ်ခုဖြင့် ကမ်းတစ်ဖက်ကို ချိတ်ဆက်ထားလေသည်။
ထိုနန်းဆောင်ထဲမှာ ရှင်ဘုရင်နဲ့ မိဖုရားခေါင်ကြီးရယ်၊ အိမ်ရှေ့စံမင်းသားရယ်၊ ရှင်ဘုရင်ရဲ့ညီမဖြစ်သူ အိမ်ရှေ့စံရဲ့အရီးတော်နဲ့ သူ့ရဲ့တစ်နှစ်အရွယ်သားလေးရယ် ငါးယောက် အချိုပွဲစားရင်း စကားစမြည်ပြောနေကြလေသည်။
အိမ်ရှေ့စံလေးကတော့ တစ်ဝမ်းကွဲညီတော်လေးကို ချီထားကာချော့မြူရင်း သဘောအကျကြီးကျနေလေသည်။
"ဂျောင်ဝန်းနီး အာအီဂူး ချစ်ဖို့ကောင်းလိုက်တာ ငါတို့ရဲ့ဝန်းလေး"
ဘေးနားက လူကြီးသုံးယောက်ကတော့ ကလေးကြီးက ကလေးကိုပြန်ချော့မြူနေတာကိုကြည့်ပြီး သဘောကျကာပြုံးနေကြလေသည်။
ရှင်ဘုရင်ရဲ့ ညီမတော်ဖြစ်သူ ဆိုယွန်းသည် အသက်သုံးဆယ်ကျော်အရွယ်ရှိပြီဖြစ်ပြီး မြို့တော်ရဲ့အချမ်းသာဆုံး ကုန်သည်တစ်ဦးဖြစ်တဲ့ ယန်းအိမ်တော်ရဲ့တစ်ဦးတည်းသောသားနဲ့လက်ဆက်ထားခြင်းပင်။
ငယ်ရွယ်စဉ်ကလည်း လှပချောမောတဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်လည်း ယောက်ျားဖြစ်သူရဲ့မိဘတွေရော ဆွေမျိုးတွေကပါ ချစ်ခင်သောကြောင့် အိမ်ထောင်ရေးစိတ်ချမ်းသာကာ လှသထက်လှနေလေတော့သည်။
ငယ်စဉ်ကတည်းက အိမ်ရှေ့စံကိုလည်းထိန်းကျောင်းလာသောကြောင့် တူအရီးထက် မောင်နှမကဲ့သို့ပင် ရင်းနှီးလေသည်။
"အရီးတော် ဝန်းလေးကို တစ်ညလောက်ကျွန်တော်ရဲ့နန်းဆောင်မှာ ခေါ်ထားလို့ရလားဟင်"
ESTÁS LEYENDO
Rewrite The Stars
Fanficငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှိခဲ့တဲ့ ဟိုးအရင်အချိန်တွေကို ပြန်လိုချင်တယ်~