♡07♡

204 30 2
                                    

Unicode

ရှီလာတိုင်းပြည်၏ မြို့လယ်ခေါင်တွင် ထည်ဝါစွာတည်ရှိနေသော အမတ်မင်း၏ စံအိမ်တော်အတွင်းရှိ စာကြည့်ဆောင်တွင် အမတ်ကြီးအီနှင့် သူ၏ ဇနီးဖြစ်သူ မီရာတို့သည် တပည့်ဖြစ်သူအစီရင်ခံလာသည့် ကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြလေသည်။

"ဒီတစ်ခေါက် ဟန်တိုင်းပြည်ကသယ်လာတဲ့ ကျောက်မျက်ရတနာလှေ ဆိပ်ကမ်းကို ဘေးကင်းကင်းရောက်ရဲ့လား"

"ဟုတ်ကဲ့ မနေ့ညသန်းခေါင်ကပဲ ဆိပ်ကမ်းကိုရောက်ပြီး ကျွန်တော့်လူတွေက လုံခြုံတဲ့နေရာကို ပို့ပြီးပါပြီ သခင်ကြီး"

"ဟုတ်ပြီ နောက်ငါးရက်လောက်နေရင် ရိက္ခာနဲ့ဆေးဝါးလှေတစ်စင်းလည်းထပ်ရောက်ဖို့ရှိတယ် သေချာသယ်ပြီး ပို့ထား"

"စိတ်ချပါ သခင်ကြီး"

ဘေးမှ ဇနီးဖြစ်သူငှဲ့ပေးသော လက်ဖက်ရည်ကြမ်းခွက်အား တစ်ငုံသောက်လိုက်ပြီး

"အဲ့ပစ္စည်းတွေက တစ်နေ့ ငါ ဒီရှီလာတိုင်းပြည်ကိုသိမ်းပိုက်ရင် လိုအပ်လာမယ့်အရာတွေမလို့ ငါ လုံးဝအမှားအယွင်းမခံနိုင်ဘူး ပြီးတော့ နယ်စပ်က တပ်ဖွဲ့တွေကိုလည်း သေချာလေ့ကျင့်ပေးထား ရိက္ခာလိုအပ်ရင် အချိန်မရွေးထုတ်ယူသွား"

"ဟုတ်ကဲ့ပါ သခင်ကြီး"

"သွားလို့ရပြီ"

တပည့်ဖြစ်သူ ပြန်ထွက်ခါနီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်လေသည်။

"နေဦး အခုတလော ဟီဆွန်းဘာတွေလုပ်နေလဲ"

အမတ်ကြီး၏ စကားကြောင့် တပည့်ဖြစ်သူလည်း အခန်းထဲသို့ တစ်ဖန်ပြန်လှည့်ပြီး

"မနက်ပိုင်းစာလေ့လာပြီး နေ့လည်ပိုင်းဆို လေ့ကျင့်ကွင်းမှာဓားရေးလေ့ကျင့်ပါတယ် ညနေစောင်းဆိုရင်တော့ အိမ်ရှေ့စံနဲ့နန်းပြင်ထွက်ကစားလေ့ရှိပါတယ်"

"သူ့ရဲ့တိုက်ရည်ခိုက်ရည်တွေရော ဘယ်လိုလဲ တိုးတက်လာရဲ့လား"

"သခင်လေးက နဂိုကတည်းက ပါရမီပါတဲ့အပြင် သခင်လေးရဲ့မီးစွမ်းအင်ကလည်း အရမ်းအားကောင်းပြီးသန့်စင်တဲ့မီးဒြပ်စင်မလို့ ထင်ထားတာထက်ကို အများကြီးပိုပြီးသင်ယူနိုင်ပါတယ်"

Rewrite The StarsDonde viven las historias. Descúbrelo ahora