'' တစ် နှစ် သုံး လေး..''မနက်ငါးနာရီ........။
ယခုအသံတွေက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့အကျဥ်းထောင်ထဲက အမှတ်စဥ်ရေတွက်ပြီး ပြေးနေကြတဲ့ထောင်သားတွေရဲ့အသံ။ ဘေးတဖက်စီမှာ ရဲသားနှစ်ဦးစီနဲ့ တန်းစီပြေးနေရသောထောင်သားတွေကြားထဲမှာ ကျွန်တော်အပါအဝင် ကျွန်တော့်လက်အောက်ငယ်သား ရှစ်ယောက်ပါ ပြေးနေကြသည်။
'' မောသွားပြီလားအစ်ကိုကြီး။ ရေသောက်လိုက်ပါဦး ''
'' ဆေးလိပ်သောက်ချင်တယ် ''
'' ဟုတ်ကဲ့အစ်ကိုကြီး။ ဟိုကောင် လာစမ်း။ သွား.. ထောင်မှူးဆီသွားပြီး အစ်ကိုကြီးက ဆေးလိပ်တောင်းတယ်လို့သွားပြော။ အပေါစားတွေယူမလာနဲ့ ။ မကြာစေနဲ့ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ ကြားလား ''
'' ဟုတ်ကဲ့''
နေရောင်ခြည်ကို ကောင်းကောင်းမြင်ရတဲ့နေရာမှာ ကျွန်တော်ရွေးထိုင်လိုက်သည်။ သစ်ပင်ရိပ်ကြောင့် နေမပူပဲ ကောင်းကင်ကြီးကို သေချာမြင်ရသည်။ တကယ်တော့လေ ကျွန်တော်က ဒီနေရာမှာ ဒီလိုထိုင်နေရမယ့်ကောင်တော့ မဟုတ်ခဲ့ဘူး။ မချစ်သင့်တဲ့မိန်းမတစ်ယောက်ကို ချစ်မိသွားလို့ ဒီနေရာကိုရောက်နေရတဲ့ အချစ်လူမိုက်ကြီးတစ်ယောက်ဖြစ်သည်။
'' အစ်ကိုကြီး ဆေးလိပ်ရပါပြီ ။ ဒီမှာ မီးခြစ်ပါ''
ဟာမန်ပေးတဲ့ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ပြီး ဂျောင်ထယ်ကို မီးညှိခိုင်းလိုက်သည်။
ဟုတ်ပြီ ကျွန်တော်တို့တွေမိတ်ဆက်ရအောင်....။
ကျွန်တော့်နာမည်က LiMaNoBan
အလုပ်အကိုင်က လက်နက်ရောင်းတာ။
အသက်က နှစ်ဆယ့်ကိုး နှစ် ။
ကျွန်တော့်မှာ ကျွန်တော့်အသက်လောက်ချစ်ရတဲ့မိန်းမနဲ့သမီးလေးရှိတယ်။ မဟုတ်သေးဘူး ရှိခဲ့တယ်။
'' ထောင်သားအမှတ် 1023.... ဧည့်သည်လာတယ်''
ထောင်စောင့်ရဲ့လေသံအဆုံးမှာ ကျွန်တော့်အခန်းတံခါးကို ဂျောင်းခနဲ ဆွဲဖွင့်သံကြားရသည်။
YOU ARE READING
The love story of a mafia (complete)
Fanfictionကမ္ဘာပေါ်မှာ အကြီးမားဆုံးမှောင်ခိုဂိုဏ်းရဲ့မာဖီးယားခေါင်းဆောင် Li MaNoBan မူးယစ်ဆေးလောကရဲ့စျေးကွက်ကိုထိန်းချုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း