Part 8 🔞

8K 338 22
                                    

လျော်ကြေးငွေ တော်တော်များများ ပေးလိုက်ရပြီး L Family ရဲ့ဘက်ဂျက်က အတော်ထိခိုက်သွားသည်။ လတ်တလောမှာ J ဂိုဏ်းက L Family လက်အောက်မှာမို့ မူးယစ်ဆေးလောက၌ နေရာလုစရာမလိုပဲ အသက်ရှုချောင်နေသည်။ မဟုတ်လို့ကတော့ Li manoban အသက်ရှူစရာ ထွက်ပေါက်မရှိ။

လက်နက်ရောင်းဝယ်ခြင်းဟာ အမှားအယွင်းဖြစ်လို့မရ။  သင်္ဘောပေါက်ကွဲခြင်းကြောင့် နာမည်ထွက်နေတာမို့ Li Manoban ဆိုတဲ့နာမည်အား အသည်းအသန် လိုက်ဆယ်နေရသည်။

J ဟာ သူမရဲ့ထုတ်ကုန်အသစ်အတွက် Design ဆွဲနေရတာမို့ မအားလပ်ဖြစ်နေပြီး သူသည်လည်း အိမ်ကိုမကပ်နိုင်ရအောင် ခရီးတွေထွက်နေရသည်။

ကိုရီးယားကလုပ်ငန်းတွေကို ဂျောင်ထယ်နဲ့လွှဲထားခဲ့ပြီး  ဟာမန်နှင့်အတူ အာရပ်နိုင်ငံတွေထဲက saudi arabia (ဆော်ဒီအာရေးဗျား) ကို ထွက်လာခဲ့သည်။

'' ဆလံမလေးကွန်း ''


အာရပ်စော်ဘွားတစ်ဦး၏ လက်နက်လိုချင်ကြောင်း ဆက်သွယ်လာတဲ့ Email ကြောင့်ပင် ဆော်ဒီကို ကိုယ်တိုင်ထွက်လာခဲ့သည်။ ကိုယ်ပိုင်စစ်တပ်ရှိသော ၎င်းစော်ဘွားဟာ သူ့ကိုမြင်တဲ့အခါ ယဥ်ကျေးစွာပင် ပြန်လည်နှုတ်ဆက်သည်။


'' Li MaNoBan ? ''

'' ဟုတ်ကဲ့ ကျွန်တော်က Li manoban ပါပဲ ''

'' တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က Imcharat (အင်ချာရတ်) ပါ။ Mr နဲ့တွဲပြီးအလုပ်လုပ်ရတဲ့အတွက် သိပ်ပြီးဂုဏ်ယူတယ် ''

Mr.Imcharat က သိပ်ပြီးအသက်မကြီးသေးဘူး။ သူဟာ အသက် သုံးဆယ်ဝန်းကျင်လောက်နဲ့ ကြည့်လို့ကောင်းတဲ့အမျိုးသားတဦးပင် ။ အထူးသဖြင့်သူ့ရဲ့မေးရိုးကား​၍ မုဆိတ်တွေကြောင့် ယောကျာ်း ပီသတယ်။

'' ကျွန်တော့်ကို ယုံကြည်ပြီး လက်တွဲပေးလို့ ကျေးဇူးတင်ပါတယ်။ Mr လုံးဝ စိတ်မပျက်စေရပါဘူး ''

ဒီတခါတော့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အတွက် အလွဲအချော်မဖြစ်ခဲ့။ USD 10 millions ဖိုးရောင်းလိုက်ရပြီး L ဂိုဏ်းက စီးပွားရေးပြန်လည်ဦးမော့လာခဲ့သည်။

ကိုရီးယားကို ငွေထုတ်ပိုက်ပြီး ပျော်ရွှင်စွာပြန်လာခဲ့ပေမယ့် စောက်အကျည်းတန်စရာမြင်ကွင်းကဆီးကြိုနေပြန်ရော။

The love story of a mafia (complete)Where stories live. Discover now