Part 6

3.7K 300 17
                                    

anne တို့မိသားစုနဲ့နေတဲ့ တပတ်အတွင်းမှာ J က အမြဲလာလည်တယ်။ သူမပုံစံကပေါ့ပေါ့ပါးပါးပဲ။ ကိစ္စကြီးတခုကို ဦးဆောင်နေတဲ့သူ။ မှောင်ခိုစျေးကွက်ကို ဂယက်ထအောင်လုပ်နေတဲ့သူဆို ဘယ်လိုမှထင်နိုင်ဖွယ်မရှိအောင် အနေအထိုင်ပိရိလွန်းတယ်။

Ok J ။ မင်းသဘောအတိုင်း မင်းဇာတ်ညွန်းအတိုင်း ငါတို့တွေကကြတာပေါ့.....

''ဘာတွေ တွေးနေလဲ Li ''

အဟွန်း.... မင်းကိုအမြစ်ဖြုတ်ဖို့လေ....။

'' ဒီလိုပါပဲ J...စီးပွားရေးသမားဆိုတော့ စီးပွားရေးအကြောင်းပဲပေါ့။ ဒါနဲ့ J က ဒီမှာကျောင်းတတ်နေတာဆို ။ အခုထိ ဘာကျောင်းတတ်နေတာလဲ မပြောရသေးဘူးထင်တယ် ''

J ကပြုံးပြီး ခေါင်းကိုငြိမ့်ပြတယ်။ အမှန်တိုင်း ဝန်ခံရရင် ကျွန်တော့်မှာ J အတွက် အာဃာတမရှိ။ သူလည်လို့သူလုပ်တာပဲမဟုတ်လား.....။

'' Design အထူးပြုဘာသာလေ။ ပါပါးက Fashion Company ကို ဦးစီးစေချင်တယ်လေ။ အဲ့ဒါကြောင့် ဒီကျောင်းပဲတတ်လိုက်တာ။ စိတ်ဝင်စားလို့တော့မဟုတ်ဘူး ''

ဒါပေါ့... မင်းစိတ်ဝင်စားတာ အောက်လောကရဲ့စျေးကွက်မဟုတ်လား......။

anne ဆီက stick ကိုရပြီးပြီးချင်းမှာ  J သွားမယ့်လမ်းကြောင်းတွေကို အကုန်လိုက်ပိတ်ခဲ့သည်။ ထင်တာပြောရရင် J က ကျွန်တော့်ကို အနီးကပ်စောင့်ကြည့်နေတဲ့ပုံပဲ။ ဒါကြောင့် သြစတေးလျမှာနေတဲ့ ကာလပတ်လုံး မလှုပ်ရှားခဲ့ဘူး။ သတင်းတွေကိုနားစွင့်ကြည့်တယ်။ J လည်းမလှုပ်ရှားသေးဘူးပဲ.... ။




ကိုရီးယားကိုပြန်ရောက်တော့ ဂျောင်ထယ်က ခိုင်းထားတဲ့ကိစ္စ တော်တော်များများပြီးနေခဲ့​ပြီ။ ဂျောင်ထယ်ကို သဘောကျရတဲ့အချက်တွေထဲမှာ အဲဒီအချက်ကထိပ်ဆုံးကပဲ။ သူက မကြိုက်ဘူး ကြိုးစားဆိုရင် ရေကုန်ရေခမ်း မဖြစ်ဖြစ်အောင် လုပ်ပေးတတ်တယ်။



'' ဝူဘင် လစ်ဗျားကယူလာတဲ့ Laptopကို ဂျောင်ထယ့်ဆီ ပေးလိုက်လား ''

'' ပေးလိုက်ပါတယ် အစ်ကိုကြီး ''

'' မင်း .. မိန်းမယူလိုက်ပြီဆို ''

The love story of a mafia (complete)Wo Geschichten leben. Entdecke jetzt