Part 4

4.2K 275 18
                                    

'' သူကတော့ Kim Jisoo... တို့ပြောတဲ့မိန်းကလေးပေါ့ ''

'' ဟုတ်ကဲ့ Li manoban ပါ။ တွေ့ရတာဝမ်းသာပါတယ် miss ''

အပြန်အလှန်နှုတ်ဆက်နေတဲ့မိန်းကလေးတွေထဲက တယောက်ကို Anneက ပြုံးပြီးကြည့်နေသည်။ Anne ရဲ့အကြည့်တွေနဲ့ အစ်ကိုကြီးဂန်က မရီးကိုကြည့်တဲ့အကြည့်တွေက တကယ်ကိုတူပါသည်။ Anne လိုလူမျိုးတောင်ချစ်တတ်သွားပြီပဲ.....။

'' ဆိုတော့ L Family ရဲ့ ဥက္ကဋ္ဌကြီးပေါ့ ''

'' အင်း.... မင်းကရော ''

'' J က ကျောင်းတတ်နေတာလေ။  L Family က တဦးတည်းပိုင်တာလား ''

'' Anne ရဲ့ ရှယ်ယာတွေအများကြီးပါတယ်။ ဘာဖြစ်လို့လဲ J ..... စိတ်ဝင်စားလို့လား ''

'' သူတို့နှစ်ယောက် မြဲမယ်ထင်လား ''

J က မေးတာကိုမဖြေပဲ လူအုပ်ကြားထဲမှာ ကနေတဲ့ Anne တို့အတွဲကိုကြည့်ပြီးပြောသည်။ J ကိုကြည့်ရတာ နည်းနည်းမူးနေသလိုပဲ ။

'' ဘာဖြစ်လို့ သူများတွေရဲ့ relationship ကိုပဲ လိုက်စိတ်ဝင်စားနေတာလဲ ''

'' အဟင်း ဟင်း ...... အင်းနော် အဲ့လိုဖြစ်သွားလား။ အဲဒါဆိုလည်းပြောပြမယ်။ အဟမ်း. jisoo က တအားရိုးသားတယ်လေ။ သူ့ဘေးနားကသူတွေကို စိတ်ချမ်းသာစေချင်တဲ့စိတ်ပဲရှိတာ။ ဒီလိုBarကို ခဏခဏရောက်တာက J အတင်းခေါ်ခေါ်လာလို့ ''

'' မင်းကတော့ လည်တယ်ပေါ့ ''

'' အင်းပေါ့ ''

'' ဟားဟား.... ဟုတ်ပါပြီ ကျောင်းသူဆို။ ဘာလို့စတွေ့တုန်းက မဟုတ်ဘူးပြောတာလဲ ''

'' ရှင်ပြောတဲ့ပုံစံက အထက်တန်းကျောင်းသူကို ဆိုလိုတာမလား။ J က အထက်တန်းကျောင်းသူမှ မဟုတ်တာ ''

'' အင်း... အဲတော့ အခုက ဘာကျောင်းသူလဲ ''

'' ဘာလို့ပြောပြရမှာလဲ မပြောဘူး ''

'' ဟိတ်... ဟိတ် ..  ဟာ ...လဲတော့မှာပဲ ''

စကားပြောနေရင်း တဖက်ကိုယိုင်ကျသွားတဲ့ J ရဲ့လက်ကို အမြန်ဖမ်းထိန်းရသည်။

'' ပြန်မလား လိုက်ပို့မယ် ''

'' No jisoo နဲ့မှ ပြန်မှာ။ J ခေါ်လာတာမို့လို့ J မှာတာဝန်ရှိတယ် ''

The love story of a mafia (complete)Where stories live. Discover now