Part 2

4.9K 336 13
                                    

'' မစ္စတာကလည်း အားတဲ့သူမဟုတ်တော့ ကျွန်မလိုရင်းပဲပြောပါမယ် ။ ကျွန်မနဲ့လက်တွဲပေးပါ။ ကျွန်မပရောဂျက်ကို Mr ကူညီပေးပါ ''

'' အကျိုးအမြတ်ကရော ''

'' ရလာမယ့်အမြတ်ငွေပမာဏ 40% ကို  Mrကို ခွဲပေးပါ့မယ် ''

'' Miss J....  Miss Jက ကတိတည်တတ်လား ''

'' အိုး  ...  သိပ်ကိုတည်တာပေါ့ Mr ။  ကျွန်မအသက်နဲ့တောင် လောင်းကြေးထပ်ပြီး ကတိတည်ပါတယ် ''

'' ကောင်းပါပြီ Miss Jရဲ့ပရောဂျက်က ဘာလဲ ''

'' ဒီကိစ္စကို ကျွန်မတို့စာချုပ်နဲ့ပြောရမယ်ထင်တယ် ''

'' Miss အဆင်ပြေသလိုလုပ်ပါ ။ ဒါနဲ့ကိုယ့်ပစ္စည်းတော့ ပြန်ပေးမယ်မလား''

'' အဟင်း ဒါပေါ့.. Mr Li ရဲ့ companty ဆီရောက်နေလောက်ပါပြီ ''


J Group က ထွက်လာခဲ့ပြီးနောက် L ဂိုဏ်းရှိတဲ့ L Family အဆောက်အဦ သို့ သွားခဲ့သည်။

'' အစ်ကိုကြီး ပစ္စည်းတွေအသစ်တွေ ရောက်လာပါတယ် ''

'' ဘယ်မှာထားလဲ ''

'' အစ်ကိုကြီးအခန်းထဲမှာပါ။ ပြီးတော့ လာအိုက ဆက်သွယ်လာပါတယ် ''

'' ငါ့အခန်းထဲလိုက်ခဲ့ ''

'' ဟုတ်ကဲ့ အစ်ကိုကြီး ''

လေးဆယ့်ငါးထပ်မြောက် အပေါ်ဆုံးထပ်က ကျွန်တော်တယောက်သုံးတဲ့ သီးသန့်အထပ်ဖြစ်သည်။အဲဒီအထပ်မှာပဲ လုပ်ငန်းပစ္စည်းတွေနဲ့ လုပ်ငန်းတွေကို လုပ်ကိုင်သည်။

L Family....

ဟန်ပြဖို့အတွက် သက်သက်ဖွင့်ထားတဲ့ Car showroom / perfume brand ပေါင်းများစွာကိုရောင်းချနေတဲ့ showroom တွေ / အာဏာရှင် ၊ လုပ်ငန်းရှင် စတဲ့ ရာထူးကြီးကြီးမားမားတွေအတွက်သီးသန့်ဖွင့်ထားတဲ့ L Hospital တွေ ထိုအရာတွေကိုပေါင်းစည်းထားတာကို L Family လို့ခေါ်သည်။

အဲ့ဒီအရာတွေဟာ Li MaNoBan ဆိုတဲ့လူသားရဲ့ ကစားကွက်တွေသာဖြစ်တယ်။ အဓိကစီးပွားရေးက မှောင်ခိုလက်နက်ကူးတာနဲ့ မူးယစ်ဆေးရောင်းခြင်းပဲ။

'' ပစ္စည်းတွေက ရောက်ပြီလား ။ ငါမေးတာ ထိုင်းက ပစ္စည်းတွေကိုပြောတာ ''

The love story of a mafia (complete)Where stories live. Discover now