Part 3

4.4K 302 14
                                    

အစ်ကိုကြီးဂန်ဆီကို ရောက်သွားတော့ အစ်ကိုကြီးက မျက်လုံးတွေရဲပြီး အရက်ငှဲ့ထားတဲ့ဖန်ခွက်ကို စိုက်ကြည့်နေသည်။

'' ကျွန်တော်ရောက်ပါပြီ အစ်ကိုကြီး''

'' Li ''

'' ဗျာ အစ်ကိုကြီး ''

'' ငါ့အတွက်သေပေးနိုင်လား ''

'' သေချာတာပေါ့ အစ်ကိုကြီးရာ ''

'' လူရောသတ်ပေးနိုင်မလား''

'' အစ်ကိုကြီးဖြစ်ချင်တာကိုပြော။ ကျွန်တော်အကုန်လုပ်ပေးမှာ ''

'' ရော့ အဲ့ဒီအိတ်ထဲက ဓာတ်ပုံကိုကြည့်လိုက် ''

အစ်ကိုကြီးဂန်က ဓာတ်ပုံထည့်ထားသောစာအိတ်ကို စားပွဲပေါ်ကနေယူပြီး လှမ်းပေးသည်။ ကြည့်လိုက်တော့ မရီးနဲ့တခြားအမျိုးသားတယောက်ရဲ့ဓာတ်ပုံတွေဖြစ်သည်။

'' သူ့နာမည်က ဆွန်ဆွန်းဝမ်။ မင်းတို့မရီးရဲ့ရည်းစားဟောင်း ''

အစ်ကိုကြီးဂန်ရဲ့အသံတွေက အက်ကွဲနေသည်။ ရှေ့ကအရက်ခွက်ကို ယူသောက်ပြီး အစ်ကိုကြီးကဘဆက်ပြောလာသည်။

'' ငါက ဘယ်ဂျူဟျွန်းကို အရမ်းချစ်တာ။ ငါ့ကိုယ်ငါထက် ငါ့အသက်ထက်ကိုချစ်တာ။ ငါမသိအောင် ငါ့နောက်ကွယ်မှာ အဲ့သေချင်းဆိုးနဲ့ တွေ့နေတယ် ''

'' အချိန် သုံးရက်ပဲစောင့် အစ်ကိုကြီး။ သူ့နာမည်ကို လုံးဝမကြားစေရ​ဘူး ''

'' မင်းကိုယ်တိုင်လုပ်ပေးစေချင်တယ်။ မင်းလက်အောက်က ကလေးတွေကိုမခိုင်းနဲ့ ''

'' စိတ်ချပါ အစ်ကိုကြီး။ ကျည်တတောင့်လောက်တောင် တန်ဖိုးမရှိတဲ့ကောင်မျိုးကို အရက်စက်ဆုံးနည်းလမ်းနဲ့သတ်ပြီး အစ်ကိုကြီးကိုဆက်သွယ်ပါ့မယ် ''

'' ငါမင်းကိုယုံတယ်Li ။ မင်းက ငါ့တပည့်ဆိုလည်း ဟုတ်တယ်။ ငါ့ညီ ငါ့သားလို့ ပြောလို့လည်း ရတယ်။ ပြီးရင် ခဏတော့ရှောင်နေ။ အဲ့ကောင်က အမတ်မင်းသားမို့လို့ ကိစ္စတော့ နည်းနည်းရှိတယ် ''

'' ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ် ''

'' အေး ပြန်တော့လေ။ သတင်းကောင်းစောင့်နေမယ် ''

The love story of a mafia (complete)Where stories live. Discover now