Part 4

14.6K 364 1
                                    

💞 Part - 4 💞
~~~~~~~~~~~~~~

"သား စားရတာခံတွင်းတွေ့ရဲ့လား"

ဒီနေ့ ခက်ရဲ့မေမေက သူတို့သားအမိနှစ်ယောက်ကိုထမင်းစားဖိတ်သည်မို့ ရှောင်နေလို့မရတော့ဘဲ ခက်နဲ့ မျက်နှာချင်းဆိုင်ရပြန်သည်။
ဟိုတစ်ခါ ရုံးကိုလာသွားပြီးကတည်းက ခက်သည် စိတ်ဆိုးသွားဟန်ဖြင့် အဆက်အသွယ်ပြတ်နေခဲ့ကာ မနေ့ကမှထမင်းစားဖိတ်လာသည်။

မသွားချင်ပေမယ့် မေမေလည်းပါနေတာမို့ မျက်နှာကို အတတ်နိုင်ဆုံးပြေပြေပြစ်ပြစ်ဖြစ်အောင် ပြုပြင်ရင်း ရောက်လာရခြင်းဖြစ်သည်။
တကယ်ဆို ခက်ဟာ သူ့ဒဏ်ရာတွေနဲ့ဘာမှမဆိုင်ပါဘဲ သူသည်သာ ခက်ကို တမင်သက်သက်ဒုက္ခပေးမိနေတာမို့...

"မဟုတ်ပါဘူး ဟင်းတွေအကုန်စားလို့ကောင်းပါတယ် ကျွန်တော်က သိပ်မစားနိုင်လို့ပါ"

ခက်က သူ့အရိပ်အခြေကိုကြည့်ကာ စကားသိပ်မပြောဘဲ နှုတ်ဆိတ်၍သာနေသည်။
ထမင်းစားပြီးချိန်မှာတော့ မေမေတို့နှစ်ယောက်က စကားပြောနေကြရင်း သူတို့အတွက်ရှောင်ပေးတော့မှ ခက်က စကားပြောရန် ခြံထဲဆင်းဖို့ဖိတ်ခေါ်လာသည်။

"ကို ခက်ကို စိတ်ဆိုးနေတုန်းပဲလား"

"မဆိုးပါဘူး တကယ်ဆို ကိုယ်ကပဲ ခက်ကိုတောင်းပန်သင့်တာပါ မင်းက ကိုယ့်ကိစ္စတွေနဲ့မဆိုင်ပါဘူး"

"မလိုပါဘူး ကိုရယ် ခက်က ကို့ရဲ့ပြဿနာကို ခက်ရဲ့ပြဿနာပဲလို့ ယူဆလို့ပါ"

"မဟုတ်ဘူး ခက် မင်းပြောတာမှန်ပါတယ် ကိုယ်အတွေးမှားသွားတယ် တကယ်ဆို ကိုယ်က ကိုယ့်စိတ်ကိုမပြင်ဆင်နိုင်သေးတာ မင်းအပေါ်ကိုလည်းအားနာမိတယ်.. အဲ့ဒီအတိတ်ကို မင်းဘက်ကသိချင်သေးရင် ကိုယ်ပြောပြမယ်"

"ပြောတယ်ဆိုတာ ပါးစပ်ကဘယ်လိုပြောပြော ဖြစ်တာပဲမလား ခက် စိုးရိမ်တာတစ်ခုက ကိုနဲ့ခက် လက်ထပ်တဲ့အချိန်ကျမှ.."

"ပြဿနာတက်မှာစိုးနေတာလား"

ခက် ဘာမှပြန်မပြောဘဲ တိတ်တဆိတ်နေလိုက်သည်။
တကယ်တမ်း ခက်နှုတ်ဖျားက မာနစကားတွေပြောမိတာမျိုးရှိပေမယ့် မဟာ့ကိုသဘောကျနေမိခဲ့၏။
သူ့ရဲ့တည်ကြည်ချောမွေ့သောပုံစံကို မြင်လိုက်ရကတည်းက သဘောတကျဖြစ်ရသလို နူးညံ့ခြင်းနည်းပါးသောမျက်လုံးတွေကြောင့် အထင်ကြီးခဲ့မိ၏။
အရပ်အမောင်းကအစ လူအများထဲမှာ ဘယ်လောက်ရောနှောနေနေ ပျောက်ကွယ်သွားဖို့ မလွယ်သည့်အရပ်မျိုး။

သူမ မှ တစ်ပါးWhere stories live. Discover now