Part 27

14.6K 388 5
                                    

💞 Part - 27 💞
~~~~~~~~~~~

"ဦးကိုမုန်းတယ် အဟင့်!!"

စိတ်ရှိလက်ရှိသိမ်းပွေ့နမ်းရှိုက်ပြီးမှ သူမ အသက်ရှုကြပ်နေမည်စိုး၍ နှုတ်ခမ်းတွေကိုပြန်လွှတ်ပေးလိုက်တော့ သူမကငိုနေခဲ့ပြီး လက်သီးဆုပ်လေးဖြင့်ထုနေတော့ ကျေကျေနပ်နပ်ငြိမ်နေလိုက်သည်။
ဘီးကုပ်လေးလည်း ဘယ်ရောက်သွားလဲမသိတော့သလို အတင်းပြန်ရုန်းထား၍ ဆံပင်တိုလေးတွေလည်းပွယောင်းနေသောကြောင့် ဆံပင်လေးတွေကိုဖိသပ်ပေးလိုက်မိသည်။

"မထိနဲ့"

"ကိုင်းကကွာ"

"ဖယ်.. သူများကိုလွှတ်"

သူ့လက်ကို ပုတ်ထုတ်ပစ်ကာ တစ်ဖက်ကားတံခါးဆီသွားဖို့ပြင်တော့ ခါးကလေးမှပွေ့ကာ သူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး သူမနှုတ်ခမ်းလေးကို ထပ်သိမ်းပိုက်ပစ်သည်။
ငြင်းဆန်နေမှန်းသိပေမယ့် မက်မက်မောမောနမ်းပစ်ကာ ကိုယ်လုံးလေးကိုလည်း တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။

လက်သေးသေးလေးတွေက သူ့ရင်ဘတ်ကိုတွန်းကာ မျက်နှာလေးလွှဲဖို့ကြိုးစားပေမယ့် သူ အလွတ်မပေးခဲ့ဘဲ ထိုမျက်နှာလေးကိုပဲ အတင်းဖိကပ်နမ်းနေမိဆဲ…
ခဏအကြာမှာတော့ သူမ ပြန်မရုန်းတော့ဘဲ သူ့အင်္ကျီစကိုဆုပ်ဆွဲပြီး ငိုသာငိုနေတော့၍ အနမ်းတွေရပ်ပေးလိုက်ပြီး မျက်နှာလေးကိုငုံ့ကြည့်မိသည်။

"ဘာလို့ အခုမှ သူများကိုလာနမ်းနေတာလဲ လူညစ်ပတ်ကြီးရဲ့ အခွင့်အရေးသမားကြီးရဲ့ အဟင့်!"

"ချစ်လို့ပါကိုင်းရယ် မင်းကိုချစ်လို့ပါ"

"မချစ်နဲ့ ဖယ်.. ကိုင်းပြန်မယ်"

"ကိုယ်နဲ့ပဲနေပါ.. မနက်မှပြန်လေ.. နော် ကိုယ်လည်းမနက်မှပြန်မယ်"

သူမ မျက်ရည်တွေပွတ်သုတ်ကာ ခါးကိုဖက်ထားသည့်သူ့လက်တွေကို ဆွဲဖယ်ဖို့ကြိုးစားနေ၍ ပိုပြီးတင်းနေအောင် ဖက်ထားလိုက်သည်။
သူမကို ဒီလိုပွေ့ဖက်ခွင့်မရှိတော့တာ ကြာခဲ့ပြီမို့ ခဏတဖြုတ်လေး ပွေ့ဖက်ခွင့်ရှိနေတုန်း ပြန်မလွှတ်နိုင်။

"ဦး.. ဖယ်လို့"

"ကိုယ်မှမလွှတ်ချင်ဘဲ"

"ဦး သူများကိုအပြောခံရအောင် လုပ်နေတာလား ဟမ်!! ဦးမှာလက်ထပ်ရမယ့်မိန်းမ ရှိနေတာကို.. ဘာလို့သူများကိုလာဒုက္ခပေးနေတာလဲ"

သူမ မှ တစ်ပါးWhere stories live. Discover now