💞 Part - 18 💞
~~~~~~~~~~~~~~ခန်းမထဲဝင်လာသည့် Seaနဲ့နေသာ့ကိုကြည့်ရင်း ကိုင်းပီတိဖြာနေကာ လိုက်ဖက်လွန်းသည့် သူတို့အတွဲလေးကို အားကျနေမိသည်။
အကယ်၍များ ကိုင်းသာ ဦးနဲ့လက်ထပ်ဖြစ်ခဲ့ရင် ဒီလိုမင်္ဂလာဝတ်စုံလေးနဲ့ ဦးရဲ့လက်ကိုချိတ်ပြီး ဦးသိပ်ချစ်ရတဲ့မိန်းမအဖြစ် ဘဝင်မြင့်ပစ်လိုက်ဦးမယ်...(အားကျထားနော် ကိုယ်တို့လက်ထပ်ပွဲကျရင် ကိုယ့်ချာတိတ်မလေး သဘောအတိုင်းဖြစ်စေရမယ်)
ဟု ဦးကမက်ဆေ့ပို့ထား၍ ကိုင်းမှာကျေနပ်သွားရပြီး ကြည်ကြည်နူးနူးလေးပြုံးရပြန်သည်။
(ဒီီည သိပ်မသောက်နဲ့နော်ကိုင်းလေး Seaရဲ့ပွဲမှာ ကိုင်းကထိန်းပေးရမှာ)
(ဟုတ်ကဲ့ပါ ဦးကိုလွမ်းတယ် ဦးရှိရင်ကောင်းမှာ😘)
(ပြန်လာချင်အောင်မလုပ်နဲ့ကွာ ကိုယ်တကယ်မရလို့ထားခဲ့ရတာ တစ်နေ့လုံး ကိုယ့်ချစ်သူနဲ့ရှိရမယ့်အရေးကို လက်လွှတ်ပစ်လိုက်ရတာ😖)
(ဦးကလည်း နောက်ကျရင် ကိုင်းတို့နေ့ရောညပါ အတူရှိတော့မှာပဲ ဦးပြန်လာရင် ကိုင်းကိုအချိန်ပေးနော် အလွမ်းဖြေတဲ့အနေနဲ့ အကြာကြီးဖက်ထားချင်လို့)
(အားနာလိုက်တာကွာ😁)
"မ ဓာတ်ပုံရိုက်ရအောင်"
Seaက ဓာတ်ပုံရိုက်နေရင်းမှ လှမ်းခေါ်တော့ ကိုင်းလည်း ဦးကိုနှုတ်ဆက်ကာ လိုင်းoutလိုက်ပြီး Seaတို့အနားမှာ သွားရပ်နေလိုက်သည်။
ကိုင်းနဲ့အတော်လေးတူလှသော ထိုမျက်နှာဟာ အပျော်တွေနင့်သီးနေသလို တစ်ချိန်လုံးပြုံးနေသော Seaကိုငေးရင်း ကိုင်းငိုချင်လာခဲ့သည်။
ထိုအခါ ကိုင်းကိုသတိထားမိသောမေမေက ကိုင်းလက်ကို ဖွဖွလေးဖိဆုပ်ကာ ..."ဘာလို့မျက်ရည်ဝဲနေတာလဲ Skyရဲ့"
"မသိဘူး ကိုင်းအရမ်းပျော်နေတယ် ငိုလည်းငိုချင်နေတယ် Seaပျော်နေတာကိုကြည့်ပြီး အဲ့လိုဖြစ်နေတာ"
"သမီးတို့ကအမွှာတွေလေ Seaပျော်ရင် Skyလည်းပျော်ရမှာပေါ့ စိတ်ကအလိုလိုဖြစ်နေတာ ကဲ... မျက်ရည်သုတ်လိုက်ဦး မေမေ့သမီးလေး မလှဘဲနေလိမ့်မယ်"
YOU ARE READING
သူမ မှ တစ်ပါး
Romanceတစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲလားလို့ စမ်းသပ်တာလည်းဖြစ်နိုင်တာပဲ ဒီFicကိုဖတ်မယ်ဆို Dreamerနဲ့ မ,ရယ် ကျွန်တော်ရယ် အိမ်မက်တွေရယ် အရင်ဖတ်ဖို့လိုပါတယ် Season 2လိုဖြစ်နေလို့ပါ...