Part 22

12.7K 263 2
                                    

💞 Part - 22 💞
~~~~~~~~~~~~~

"ကိုင်းတော့ Amsterdamမှာ မိုက်နေတယ် ငါ့ကိုပုံတွေပို့ပေးထားတယ်"

"ဟုတ်လား အားကျမခံပြန်ပို့လိုက်လေ"

သူကသာ အားရပါးရပြောလိုက်ပေမယ့် နေသာက စိတ်မကောင်းသလို ဖုန်းကိုပေါင်ပေါ်ချပြီး သူ့ကိုမော့ကြည့်သည်။

"ကိုင်းသနားပါတယ် နင်သူ့ကိုပစ်မထားပါနဲ့ Seaရယ်"

"ဘာလို့တုန်း"

"သူက နင်နဲ့အမြဲတမ်း တပူးပူးတတွဲတွဲရှိခဲ့တာ ခုလိုဖြစ်သွားတော့ သူတစ်ယောက်တည်းရယ် သူ့မှာ နင့်အပြင်ငါပဲရှိတာ အခုဆို တစ်ယောက်တည်းဖြစ်သွားမှာ"

"ငါနားလည်ပါတယ် အခုပလစ်ထားခဲ့တာကလည်း ငါတို့ဟန်းနီးမွန်းမို့လေ ပြီးတော့ အစ်ကိုမဟာနဲ့တောင် ခရီးထွက်ခွင့်ရသွားသေးတာပဲ"

"အိမ်ပြန်ရောက်ရင် ဒက်ဒီကငါတို့ကို သပ်သပ်နေခိုင်းမယ်လို့ပြောတယ် အဲ့ဒီအခါ ငါကိုင်းကိုခေါ်မှာနော်"

"အင်း ခေါ်"

ခေါ်ဆိုပေမယ့် သူ့မှာတော့ မျက်ခုံးလှုပ်နေမိကာ မ ရဲ့အကျင့်ဆိုးတွေကို သူ ထပ်ပြီးခံရဦးမှာက သေချာသလောက်ရှိသည်။
မ,သည် သူရဲ့passwordပေါင်းစုံကိုသိသလို ချွတ်စွပ်တူနေသောမျက်နှာတွေကြောင့် facelockနှင့်ပိတ်ထားလည်းမရ။

"ဟဲ့.. နင့် KPayထဲကပိုက်ဆံ ငါယူသုံးထားတယ် မိတ်ကပ်ဘူးလေး orderမှာလိုက်လို့"

"မိုက်ရိုင်းလိုက်တာ ငါ့ဖုန်းpasswordကို ဘယ်လိုလုပ်သိသွားပြန်တာလဲ"

"Facelockလေ ချစ်မောင်လေးရဲ့ အဟွင်းဟွင်း"

တူနိုင်လွန်းသောမျက်နှာကြောင့်လည်း ခဏခဏဒုက္ခရောက်ရပြီး တစ်ခါတစ်လေဆို သူ့အင်္ကျီတွေကိုလည်း လိုက်လုတတ်သေးသည်။
"မောင်လေးပစ္စည်း ငါ့ပစ္စည်းပဲ ပေးမှာလားမပေးဘူးလား"
"မောင်လေးအင်္ကျီ မရဲ့အင်္ကျီပဲ"
"ငါ့မောင်ပိုက်ဆံ ငါ့ပိုက်ဆံပဲ"
"ငါ့မောင်မိန်းမ ငါ့မိန်းမ"ဟုတောင် နေသာ့ကိုလည်း လိုက်လုတတ်သေးသည်။
မရဲ့လက်သုံးစကားတွေကို အလွတ်ရနေခဲ့ပြီဖြစ်သလို မ,ရဲ့Facebookနှင့် IGမှာဆို သူ့အင်္ကျီဝတ်ပြီးတင်ထားသည့်ပုံတွေမှ လက်ညှိုးထိုးမလွဲ။

သူမ မှ တစ်ပါးWhere stories live. Discover now