[Unicode]
"ဟင်...ဦး! လာပြီလား အစောကြီးပဲရှိသေးတယ်"
"နှုတ်ခမ်းစူမနေနဲ့!! ညစာစားချိန်မှီအောင်လာဖို့ မားပြောထားတာ"
"မားနော်...သိနေတယ်"
"ဘာသိနေတယ်လည်း ကလေးကကလေးလိုနေ"
"သားအမိနှစ်ယောက် ဘာတွေသိနေကြတာတုန်း"
"ဘာမှမဟုတ်ပါဘူး... Krisရဲ့ "
"အရင်တုန်းကအတိုင်းပဲခေါ်ပါ ဂျွန်ရယ် "
"အင်း...လာ..စားကြစို့ ရိဖန်ရော သားရော"
"ဟာ......ကိုယ်ကြိုက်တဲ့ဟင်းတွေပါလား!
အတော်ပဲ.....ဂျွန်ရဲ့လက်ရာမစားရတာကြာပြီ""ယောလ်ငယ်လေး..စားလေ....လာ
ဦးပုဇွန်ခွာပေးမယ် ""သားပုဇွန်နဲ့မတည့်ဘူး..."
"အာ...ဒါဆို ခရမ်းသီးချက်လေးရော.."
"သား ခရမ်းသီး မစားဘူး"
"ဟုတ်သားပဲ သားယောလ်က ခရမ်းသီးမစားဘူး..
ခဏလေး.....မားကြက်ဥကြော်ပေးမယ်""ဂျွန်နေပါ....ကိုယ်ကြော်ပေးလိုက်မယ်"
"အင်း...ရေခဲသေတ္တာအောက်ဆုံးဆင့်မှာ
ကြက်ဥကဒ်ရှိတယ်""မား ဒါတော့နည်းနည်းများသွားပြီနော်
ဒီသားလေးတစ်ယောက်ရှိတာကို..ဟွန့်"ဦးသွားပြီးမှ မားကိုတိုးတိုးတိတ်တိတ် စကားနာထိုးလိုက်သည်၊
"မဟုတ်ပါဘူးသားရယ်....
သားရဲ့ဦး နဲ့က နှစ်တွေအကြာကြီးခွဲနေပြီး အခုမှပြန်ဆုံတာဆိုတော့ သေချာလေးဧည့်ခံရတာပေါ့...
လိမ္မာတယ်နော်သားက စိတ်မကောက်ရဘူးနော်....""အင်းပေါ့လေ ပါးပါးတစ်ယောက်ရလဲမဆိုးပါဘူး...
မားပျော်ဖို့ ဒီကသားလိမ္မာလေးက ခွင့်လွှတ်အနစ်နာခံရမှာပေါ့....""ဟဲ့...ဒီကောင်စုတ်လေးကတော့ ဘာတွေပြောနေတာလဲ.."
"အယ်...အယ်...မားတစ်ယောက်တော့ရှက်နေပါပြီ"
"ကဲ.....ကြက်ဥကြော်ရပါပြီဗျာ"
မားကိုစနေတုန်း ဦးရောက်လာတာနဲ့ စကားစဖြတ်ပြီး ထမင်းသာငုံ့စားလိုက်သည်၊