CH-3

15 1 0
                                    

[ Unicode ]

"ယောလ်ငယ်...ဦးဝင်ခဲ့မယ်နော်"

လော့မချထားသည့်တံခါးကို အသာလေးတွန်းကာဝင်လိုက်သည်၊

ယောလ်ငယ်ကိုတော့မတွေ့ ရေချိုးနေတာဖြစ်ပုံရသည်မို့
စာသင်တဲ့ခုံမှာသာ ထိုင်စောင့်နေလိုက်သည်၊

*ချောက်

"ဟင် ဦး!စောင့်နေတာကြာပြီလား"

"................."

ရေချိုးခန်းတံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့
ခါးမှာ တဘက်ပိုင်းလေးနဲ့ထွက်လာသောယောလ်ငယ်

ဖြူဖွေးနူးညံ့ပြီး အချိုးအဆစ်ကျသည့်ခန္ဓာကိုယ်ကို
ငေးမိသွားသည်မို့ ယောလ်ငယ်ပြောလိုက်သည်ကိုပင် မကြားလိုက်၊

"ဦး!!သားပြောတာကြားလား!
စောင့်နေတာကြာပြီလားလို့.."

"ဟမ်...‌အော်...မကြာသေးပါဘူး ယောလ်ငယ်ရဲ့...
အေးဆေးလုပ်ပါ..."

အေးဆေးလုပ်ဆိုတော့ တကယ်ကိုစိမ်ပြေနပြေလုပ်နေတဲ့ ချန်းယောလ်ပါလေ

ဖြူဝင်းမွတ်နေတဲ့ကျောပြင်တစ်လျောက်မှ ခါးသိမ်သိမ်ထိ တစ်စက်တစ်စက်စီးကျနေသည့်ရေစက်များ....

*ဟူး....

*ဟူး....

ကယောက်ကယက်ဖြစ်နေသည့်စိတ်အခြေအနေကို အဆင်ပြေစေရန်အလို့ငှာ လူပူတစ်ချို့ကိုသာ မှုတ်ထုတ်လိုက်သည်၊

"ဦး!ပူလို့လား.. အဲကွန်းဖွင့်လိုက်ရမလား?"

"အာ...နေပါစေ ယောလ်ငယ်ရေချိုးပြီးခါစကြီးကို
အအေးမိလိမ့်မယ်"

"ဟီး...ဟုတ်"

.............................

"ဟျောင့် အဲ့တော့ဘဲကြီးနဲ့မင်းမားကို မင်းက သဘောတူတယ်ပေါ့"

"သူ့ရုပ်ကိုကြည့်ပါတော့ တူလွန်းလို့ တူ..တူ..တူ တောင်မြည်ဦးမယ်.."

"မင်းမားနဲ့လွယ်လွယ်ကူကူသဘောတူတယ်ဆိုတော့
အဲ့ဘဲကြီးက တော်တော်ချောလို့လား"

"ဒါပေါ့ ငါ့ဦးက ရုပ်ချောသဘောကောင်း...
နောက်လာမဲ့ အားကစားပွဲကျရင်ခေါ်ခဲ့မယ်လေ
ငါ့ဦးဘယ်လောက်ချောလဲ မင်းတို့သိဖို့..ဟွန့်"

ငယ်သူမို့Where stories live. Discover now