chapter -7

17 1 0
                                    

[Unicode]
"မား!! သားကုန်တိုက်မှာ ဘတ်ခ်ဟျွန်းနဲ့ လိုတာလေးတွေသွားဝယ်လိုက်ဦးမယ်"

"သားယောလ်...ကိုယ်ဝန်ကရင့်နေပြီ အသွားအလာတွေဆင်ခြင်တော့လေ...
အရင်လို ဟေးလားဝါးလားလုပ်နေလို့မရတော့ဘူး"

"သိပါပြီ မားရဲ့ ဒါပဲပြောနေတော့တာပဲ တစ်ရက်တစ်ရက်အဖွားကြီးနဲ့ပိုပိုတူလာပြီ သိလား"

"အောင်မာ ဒီကလေးကတော့....

ဟဲ့...ဟဲ့....မပြေးနဲ့လေ ချော်လဲနေမှ ဒုက္ခ!!"

...............................................................

"သားငယ် မသွားသေးပဲဘာရပ်လုပ်...."

"ဘယ်တုန်းကပြန်ရောက်တာလဲရိဖန် သတင်းမကြား ဘာမကြား"

"မတွေ့တာကြာပြီနော်   ဂျွန်"

မားကိုထွေးဖက်ပြီးခပ်ဆွေးဆွေးစကား ဆိုလာသူက ဦး...........တကယ့်ဦးမှ ဦးအစစ်

ယောလ်ကိုမြင်လျက်နဲ့လျစ်လျူရှုထားတဲ့ ဦးက    မားကိုထွေးပွေ့ထားတာမြင်ရတော့

မားကိုတောင် မနာလိုဖြစ်မိသလိုလို

'တကယ်တမ်းဆိုရင် မားနေရာမှာကျွန်တော်ရှိနေရမှာမဟုတ်လား'

"ဦး...."

ခပ်တိုးတိုးခေါ်ကြည့်တော့

"ဟင်...သူက ဘယ်သူလဲ ဂျွန်!
ကိုယ့်ကိုသိလို့လားချာတိတ်"

"သားယောလ်လေ ရိဖန် မမှတ်မိတော့ဘူးလား"

"သားယောလ်လား ကိုယ်ကသားယောလ်ကိုအနှီးထုပ်လေးနဲ့ပဲမြင်ယောင်နေတာ

သားယောလ်တောင် ဒီအရွယ်ရောက်နေပြီကိုး"

"ကိုယ်တို့အသက်တွေမငယ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ...ဟ..ဟား"

"ရိဖန် အက်စီးဒန့် မဖြစ်ခင်ကတောင် သားယောလ်ကို guideပြပေးခဲ့သေးတယ်လေ"

"ဟုတ်လား....ကိုယ်မမှတ်မိဘူးရော"

"နောက်တော့တဖြည်းဖြည်းနဲ့မှတ်မိလာမှာပါ"

ဦး....ဦးက ယောလ်ကိုမမှတ်မိဘူး

ယောလ်ကိုကြည့်တဲ့အကြည့်တွေက လုံးဝသူစိမ်းတွေကိုကြည့်နေသလိုပဲ

ငယ်သူမို့Where stories live. Discover now