chapter ( 8 )

33 1 0
                                    

[Unicode]

ဧည့်သည်ရောက်နေတာလား"

"အင်း   ဦးပြန်ရောက်နေတာ "

စကားအဆုံးဘတ်ခ်ဟွန်းရင်ထဲထိတ်ခနဲ ‌
အဲဒီဦးဆိုတဲ့သူက ယောလ်ကို ပြန်ယူသွားတော့မှာလား

"ဒါပေမဲ့ဦးက ငါ့ကိုမမှတ်မိဘူး သိလား
အခု ငါတို့ကလုံးဝသူစိမ်းတွေလိုပဲ

ငါ့ရင်ဘတ်တစ်ခုလုံးဆုတ်ခြေခံထားရသလိုပဲ ငါလေ....ငါ

ဆက်မပြောနိုင်ပဲအသံတိတ်ငိုကြွေးနေတဲ့ယောလ် ကိုကြည့်ပြီး

ဘတ်ခ်ဟွန်းလဲ နာကျင်နေရတာတော့ ဘယ်သူသိနိုင်မလဲ။

အတ္တကြီးတယ်လို့ပဲဆိုဆို ယောလ်ဟာ သူ့ရဲ့ယောလ် မကြာခင်သူ့အပိုင်လေးဖြစ်လာတော့မှာ

ယောလ်ရော ဗိုက်ထဲက ကလေးလေးရော(တခြားသူရဲ့သွေးဆိုပေမဲ့ပေါ့)

အရင်ကတည်းက ဖြူဖြူစင်စင်ယောလ်ကို
မဖြူမစင်တိတ်တခိုးချစ်ခဲ့ရတာ

သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ
ယောလ်ကို ဂရုစိုက်ပေးခဲ့တာ၊ အမူပိုခဲ့ရတာတွေ ယောလ်ကတော့မရိပ်မိ

'ကလေးအဖေအဖြစ်နာမည်ခံပေးတာတောင်အားနာလို့မဆုံးဘူးတဲ့'

ဒီကကောင်ကိုက လိုလိုချင်ချင်လုပ်ပေးတာပါ
တခြားသူတွေလှည်းကျိုးထမ်းတဲ့နွားလို့သမုတ်ရင်တောင် မင်းကိုအပိုင်ရမယ်ဆိုတဲ့စိတ်နဲ့လက်ခံခဲ့တာ

အဲဒီကလေးက ဟိုဦးဆိုတဲ့သူနဲ့ရခဲ့ရင်တောင်မင်းရဲ့ကလေးဖြစ်နေသရွေ့ ငါ့ကလေးလို့သတ်မှတ်ပြီးချစ်ပေးနိုင်တယ်

သိလားယောလ်...ငါ့အချစ်တွေ ငါ့ခံစားချက်တွေကို ဘာလို့မရိပ်မိနိုင်ရတာလဲယောလ်ရာ

.........................……

"ဦးရိဖန် ရောက်နေတာပဲ"

"ဟုတ်တယ် မင်းယောက္ခမလက်ရာစားချင်လို့ ညစာအချိန်မှီလာခဲ့တာကွ"

"ရိဖန်တို့ကတော့လုပ်ပြီ
လာ သားဘတ်ခ်ရော တစ်ခါတည်းစားသွား"

"ဟုတ်"

အိမ်ကစားလာပြီးသော်လည်း ဦးရိဖန်နဲ့
ယောလ်နီးကပ်နေမှာမျိုးကို စိုးရိမ်တာကြောင့်ထပ်စားဖို့ဖြစ်လာပြန်သည်။

You've reached the end of published parts.

⏰ Last updated: Jun 21 ⏰

Add this story to your Library to get notified about new parts!

ငယ်သူမို့Where stories live. Discover now