Chapter 2.1 ( Unicode )

129 15 0
                                    

ချီကျောင်းကို အိပ်ယာထဲ နေရာချပေးပြီးတော့မှ လီရိဟန် ထပြီး တံခါးဆီသွားလိုက်တယ်။

လီရိဟန်က အနက်ရောင်ရှပ်ဝတ်ထားပြီး သူ့အင်္ကျီလက်က နက်ပြာရောင်ကြယ်သီးတွေက ညနေနေဝင်ချိန်မှာတောင် တလက်လက်တောက်ပနေတယ်။ သူပုံစံက အပြင်သွားဖို့ အဆင်သင့်ဖြစ်နေသလိုမျိုး သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတယ်။

သူတံခါးဆီကို လျှောက်သွားတဲ့အချိန်မှာပဲ အိမ်တော်ထိန်းလို ဝတ်စားထားတဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။ လီရိဟန်က ထိုလူကြီးကို အသံနိမ့်နိမ့်နဲ့ စကားတချို့ပြောပြီး ပြန်လှည့်လာတယ်။

"ငါ ကျန်းပိုကို ဆရာဝန်ခေါ်ခိုင်းထားတယ်" လီရိဟန်က အိပ်ယာဘေးမှာ ရပ်နေတယ်။ သူ့ရဲ့တည်ငြိမ်တဲ့မျက်လုံးအစုံက ချီကျောင်းအပေါ် ကြည့်နေလေတယ်။

[ချီယွမ်က မနေ့ညက တစ်ညလုံး ပါတီသွားပြီး ပျော်ပါးနေတာ ... အိမ်ပြန်လာတာနဲ့ တန်းအိပါသွားတာပဲ ...အဲ့တော့ မင်း ညကသောက်တာ များသွားလို့ဆိုပြီးပြောလိုက် ... သူသံသယဝင်မှာမဟုတ်ဘူး]

System ပြောတာနားထောင်ပြီးနောက်မှာ ချီကျောင်း စောင်ကို နည်းနည်း အရင်ဆွဲတင်လိုက်တယ်။

"ကျွန်တော် ညက သောက်တာ နည်းနည်းများသွားလို့ ....ရီဝေဝေဖြစ်နေတာပါ"

လီရိဟန်က ချီယွမ့်အကြောင်းကို စိတ်မဝင်စားပေမယ့် သိသင့်သလောက်တော့ သိတယ်။ ချီ‌ယွမ် ဒီအိမ်ကိုပြောင်းလာပြီး မုန့်ဖိုးတွေပိုရလာကတည်းက သောက်စရာနေရာမျိုးစုံကို သွားလေ့ရှိတယ်။ နေ့တိုင်း သူ့တက္ကသိုလ်က 'အစ်မကြီး' ဆိုသူတွေနဲ့ လုံးထွေးနေတတ်တာ။ သူတို့ သွားသောက်ရင်သောက် မဟုတ်ရင်လည်း လှည့်ပတ်ပြီး ကစား‌နေတတ်ကြတာ။

လီရိဟန် သူ့ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်မိတယ်။ အခုလေးတင်ရှိနေခဲ့တဲ့ သူ့ရဲ့နူးညံ့မှုတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ သူ့လေသံမာမာနဲ့ ပြောလိုက်တယ်။ "ချီယွမ်... ငါမင်းကို ဒီည ကျန်းလုပ်ငန်းစုရဲ့ ပရဟိတပွဲကိုသွားရမယ်လို့ ပြီးခဲ့တဲ့နှစ်ပါတ်က ပြောထားတယ်။ မင်းက အဲ့တာကို မေ့သွားတာလား ...ဂရုမစိုက်တာလား?"

ငါက တကယ့်ကို အမှိုက်ကောင် shou system! (Arc-1)Where stories live. Discover now