ချီကျောင်း ခေါင်းငြိမ့်လိုက်တယ်။ အဓိပ္ပါယ်ကတော့ သူ လီရိဟန်ရဲ့ညွှန်ကြားချက်တွေကို နှလုံးသားထဲမှာ ချရေးထားပြီးပြီလို့ပေါ့။ ရုတ်တရက် သူ့စိတ်ထဲမှာ system ရဲ့ အသံကို ကြားလိုက်ရတယ်။
[Hostရေ....ဘာလုပ်နေတာတုန်း... ခေါင်းငြိမ့်နေလို့ ဘာဖြစ်မှာလဲလို့? အခု အခြေအနေလေးက ဘယ်လောက် နွေးထွေးလဲကြည့်...မြန်မြန်စပြီး သူ့ကို ဆွဲဆောင်ဖို့လုပ်!]
ချီကျောင်း ညည်းညူလိုက်တယ်။
"ငါ သူ့ကို ဘယ်လို ဆွဲဆောင်ရမှာတုန်း?"မူလပိုင်ရှင်ဟာ လီရိဟန်ကို သူ့ရဲ့ ပါးနပ်လှတဲ့ လှည့်ဖျားမှုတွေ လျှို့ဝှက်ထောင်ချောက်တွေ သုံးပြီး ဖြားယောင်းနိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ချီကျောင်းအတွက် ထိုသို့ပြုလုပ်ဖို့ရာ မလွယ်လှပေဘူး။ ချီကျောင်းဟာ စာကြမ်းပိုးတစ်ယောက် ဖြစ်ပြီး သူဟာ နေ့တိုင်း ပညာသင်ဆုတွေထပ်ရအောင် လုပ်ဖို့ရယ် စာမေးပွဲအောင်ဖို့ရယ်ပဲ တွေးနေတဲ့သူဖြစ်တယ်။ သူက အဲ့လို နည်းဗျူဟာကို သိနေသူတစ်ယောက်ဖြစ်ဖို့ရာ အရမ်းရိုးရှင်းလွန်းလှတယ်။ သူမလုပ်နိုင်တာကို မပြောနဲ့ဦး။ အကယ်၍ သူကြိုးစားခဲ့ရင်တောင် သူရဲ့လှည့်ကွက်က အတော်လေး ဆိုးရွားနေမှာ။
"......"
ဒါပေမယ့် ပြဿနာတော့ မရှိပါဘူး။ ချီကျောင်းရဲ့ ပြဿနာကိုရှင်းပေးဖို့ systemမှာ တခြားနည်းလမ်းရှိတယ်။
[ငါမင်းကို သင်ပေးမယ်... လီရိဟန်ကို တစ်နှစ်အတွင်း အိပ်ယာထဲခေါ်ချင်တယ်ဆိုရင် မင်း အချက်သုံးချက်ကို မှတ်မိရင်ရပြီ။ သေချာမှတ်ထား... ပထမအချက်က မင်း လီရိဟန်ရဲ့ အနီးနားမှာ အမြဲရှိနေရမယ်။ ဒုတိယအချက်က မင်း သူ့အပေါ်မှာ ကောင်းတဲ့ ရည်ရွယ်ချက်ရှိတာဆိုတာ ပေါ်လွင်ရမယ်။ နောက်ဆုံး တတိယအချက်ကတော့ မင်း သူ့ကိုကြိုက်နေတယ်ဆိုတာ သူသိအောင် ပြောရမယ်!]
.....ဒီနည်းလမ်းက လူတွေကို တကယ်ဆွဲဆောင်နိုင်တာလား? ဘာလို့ ယုံချင်စရာမကောင်းဘူးလို့များ ခံစားနေရတာပါလိမ့်?
ချီကျောင်း နောက်ထပ်မေးခွန်းတွေ ထပ်မေးမလို့လုပ်နေတုန်းမှာပဲ လီရိဟန်က သူ့ကို သံသယဖြစ်စွာ လှမ်းခေါ်လိုက်တယ်။
YOU ARE READING
ငါက တကယ့်ကို အမှိုက်ကောင် shou system! (Arc-1)
RomanceJust a fun translation. All credit goes to original author and English translator.