Chapter 1.1 ( Unicode)

248 15 0
                                    

[အဆင်သင့်ဖြစ်ပြီလား]

ချီကျောင်း တက်ကြွစွာနဲ့ခေါင်းငြိမ့်ပြလိုက်တယ်။
"အဆင်သင့်ပဲ"

နံပါတ်စဉ်စတင်ရေတွက်ကြောင်း အချက်ပြတဲ့စက်ရုပ်သံကျယ်ကျယ်ကိုကြားလိုက်ရတယ်။ နံပါတ်စဉ်တစ်ရောက်သွားတာနဲ့တပြိုင်နက် သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခုကို ဖြတ်ခနဲမြင်လိုက်ရတယ်။ ထို့နောက် ကောင်းကင်ပေါ်ကနေကမ္ဘာဆီကျလာသလိုမျိုးခံစားချက်ကြီး သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေတော့တယ်။ သူမျက်လုံးမဖွင့်ရသေးခင်မှာပဲ ချီကျောင်းဟာ သူ့အစာအိမ်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီလို့ ခံစားလိုက်ရတယ်။

System က သူ့ကို အိမ်သာရှိတဲ့နေရာကို အမြန်လမ်းညွှန်ပေးလိုက်တယ်။

ချီကျောင်းတစ်ယောက် အိမ်သာခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သူ့အစာအိမ်တစ်ခုလုံး ဗလာကျင်းသွားတဲ့အထိ ထိုးအန်နေရတော့တယ်။ နောက်ဆုံးသူစကားပြန်ပြောနိုင်တဲ့အချိန်ထိ နေ့တစ်ဝက်လောက်ကြာသွားတယ်လို့တောင် ထင်မိလေတယ်။
"ကမ္ဘာကူးပြောင်းတာကဘာလို့ဒီလောက်တောင်မအီမလည်ဖြစ်ရတာတုန်းဟ?"

[ပထမဆုံးအကြိမ်ဆိုတော့မအီမလည်ဖြစ်တာပုံမှန်ပါပဲ။ နောက်ပိုင်းဆိုရင်တော့အဆင်‌ပြေသွားမှာပါ။ ]

[ဒါကဒီကမ္ဘာအတွက်ပို့ထားတဲ့အချက်အလက်တွေပါ။ သေသေချာချာကြည့်ပြီးတော့ဇာတ်ကြောင်းအတိုင်းအတိအကျလုပ်ဆောင်ပေးပါ။]

ချီကျောင်းဟာ ခပ်တိုးတိုးသာ အသံပြုလိုက်နိုင်တော့တယ်။ ထို့နောက် ထိုင်နေရင်းနဲ့ပဲ မျက်လုံးကိုမှိတ်ကာ system ပို့ထားတဲ့အချက်အလက်တွေကို စတင်ဖတ်ရှုလေတော့တယ်။

System ရဲ့ နာမည်အပြည့်အစုံက အမှိုက်ကောင်system။ ချီကျောင်းဟာ လေလွင့်‌တစ္ဆေဖြစ်နေပြီး system နဲ့ချိတ်ဆက်လိုက်ရတာမျိုးမဟုတ်လေဘူး။ သူတစ်နေ့မှာရုတ်တရက်သေသွားခဲ့တာ။ သူလူဝင်စားစရာနေရာရှာရမလား ဒါမှမဟုတ် အဖြူ‌ရောင်အလင်းတန်းလိုမျိုး တစ်ခုခုပေါ်လာတာကိုစောင့်ရမလား မသိဖြစ်နေတဲ့အချိန်မှာပဲ system ရောက်လာခဲ့တာ။

ငါက တကယ့်ကို အမှိုက်ကောင် shou system! (Arc-1)Where stories live. Discover now