အပိုင်း၁၂
စာအုပ်ကို မှတ်မိအောင် လုပ်ပြီးနောက် သူက အခြေခံအကွက်များစွာကို လုပ်လိုက်သည်။အားလုံးပြီးသည့်အခါ ဆယ်နာရီအတိ ထိုးနေလေပြီ။ ပရိုဂရမ်အဖွဲကကလည်း သူ့အား အပြင်ထွက်ရန် အသင့်ပြင်သင့်ပြီဖြစ်ကြောင်း သတိပေးလာသည်။
လူတိုင်းက သူ၏ခန္ဓာကိုယ်ကို ချီးကျူးနေကြည်။
“ အကသမားတစ်ယောက်အတွက်ဆိုရင် တကယ်မဆိုးဘူး၊ ဘယ်လောက်ကောင်းတဲ့ ခန္ဓာကိုယ်လဲ”
“သူရဲ့ခြေတံရှည်တွေ၊ ပခုံးကျယ်နဲ့ ခါးသိမ်သိမ်နဲ့ဆိုရင် ဖေးရွှီထက်တောင် ခန္ဓာကိုယ်လှတယ်လို့ ငါ ထင်တယ်”
“ ငါကတော့ သူရဲ့-င်ကိုပဲ တစ်ချိန်လုံး စိုက်ကြည့်နေတာ၊ တကယ် ပုံစံကျတယ်”
“ ငါတော့ ဒီရာသီမှာ အပြာအပြာ စုံတွဲ ဖြစ်နိုင်တယ်လို့ စတွေးနေပြီ”
“ငါ ကြားထားတဲ့အတိုင်းဆိုရင် ဇာတ်ညွှန်းအဖွဲ့က မနေ့က တစ်ညလုံး အပြာအပြာ စုံတွဲတွေဖန်တီးဖို့ ဇာတ်ညွှန်းတွေပြင်ဆင်နေကြတယ်။အရင် အပြာအနီ လေးတွဲမှာ သူက cpအများဆုံးပဲ”
“ငါတို့တွေ တဟုန်ထိုးကျော်ကြားသွားစေမဲ့ ဖြတ်မြင်းတစ်ကောင် ရတော့မှာ မဟုတ်လား၊ အစက သူ့ကို အလှဆင်ပန်းအိုးသဘောနဲ့ ငါတို့က ခေါ်ထားခဲ့ကြတာနော်”
“ ဖေးရွှီတို့က ဒီလောကထဲမှာ ကျော်ကြားနေပြီးသား၊ ငါတို့သာ ဒီလိုလူသစ်နဲ့ဆိုရင် မပေါက်စရာ အကြောင်းမရှိတော့ဘူး”
“ဇိမ်ခံ ရသစုံရှိုးက ဖြတ်မြင်းတစ်ကောင် ရသွားပြီ”
ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို အဓိကထားသော ရသစုံရှိုးအနေနှင့် ကျိုင်ရှင်းချန်နှင့် ၀မ်နော့တို့က အဖြည့်ခံလေးများဖြစ်ကြသည်။ ထိုကြောင့် သူတို့က များများစားစား မမျော်လင့်ထားကြချေ။
ဒါပေမဲ့ ခွကြားကိုတော့ သွားမဆွမိစေနဲ့ အဲဒီလိုဆိုရင် သေချာပေါက် ကျော်ကြားသွားလိမ့်မယ်